Sports: တရုတ် စူပါလိဂ်ကို ရွန်နေး ရောက်လာ တော့မယ်လို့ သတင်းထွက်

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ရွန်နေးကို ငွေကြေးချမ်းသာတဲ့ တရုတ်စူပါလိဂ်က ခေါ်ယူတော့မယ်လို့ စိတ်ဝင်စားနေတာပါ။

play

 

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဝိန်းရွန်နေးကို တရုတ်စူပါလိဂ် ကလပ်အသင်းကြီး တစ်သင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ နိုဝင်ဘာ ၂၄ ရက်နေ့ ဗြိတိန်သတင်းစာတွေက ဖော်ပြထားပါတယ်။ တရုတ်စူပါလိဂ်က ငွေကြေးအရ ချမ်းသာကြွယ်ဝတဲ့ အသင်းကြီးဆိုပေမယ့် ဘယ်အသင်းလဲ ဆိုတာ နာမည်ဖော်ပြထားခြင်းမရှိသေးပါဘူး။

play

 

ရွန်နေးဘက်ကလည်း တရုတ်မှာ သွားရောက်ကစားဖို့ စိတ်အားထက်သန်နေတယ်လို့ The Sun သတင်းစာက ရေးသားဖော်ပြထားပါတယ်။ တရုတ်စူပါလိဂ်မှာ ဥရောပက နာမည်ကျော် ဘောလုံးသမားတွေ အသက်အရွယ် ရလာတဲ့ အချိန်ရောက်ရင် သွားရောက်ကစားကြလေ့ရှိပါတယ်။ ရွန်နေးအနေနဲ့ သူ့ရဲ့ ကစားသမား ဘဝကို အာရှမှာ အဆုံးသတ်ဖို့ ပြင်ဆင်ထားတယ်လို့လည်း သတင်းတွေက ခန့်မှန်းကြပါတယ်။

ပရီးမီးယားလိဂ် ကစားသမားဟောင်းတွေ ဖြစ်တဲ့ အနယ်လ်ကာ၊ ဒရော့ဘာ၊ ဆင်မြူရယ်အီတူးနဲ့ ရော်ဘင်ဟိုတို့ လည်း တရုတ်စူပါလိဂ်မှာ လာရောက် ကစားခဲ့ကြ ဖူးပါတယ်။

play

တရုတ်စူပါလိဂ်မှာ ကစားခဲ့ဖူးတဲ့ ဒရော့ဂ်ဘာ

တရုတ်စူပါလိဂ် ရှန်ဟိုင်းကလပ်မှာ အင်္ဂလန်နည်းပြဟောင်း ဆဗန်ဂိုအဲရစ်ဆင်လည်း နည်းပြနေလျှက် ရှိပါတယ်။ တိုက်စစ်မှူး ရွန်နေးက လက်ရှိအချိန်မှာာ မန်ယူအသင်းနဲ့ သုံးနှစ်စာချုပ် ကျန်နေသေးသူ ဖြစ်ပါတယ်။ ရွန်နေးရဲ့ အကြံပေးတွေက အပြောင်းအရွှေ့ကိစ္စကို စဉ်းစားနေကြဆဲ ဖြစ်ပြီး သဘောတူညီမှု မရကြသေးဘူးလို့ ဆိုပါတယ်။

Source : www.telegraph.co.uk

Photos : www.goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ