Sports: ယူရိုပါလိဂ် ဖလားရဖို့ အာရုံစိုက်တော့မယ့် အာစင်ဝင်းဂါး

ယူရိုပါလိဂ်ကို ဆင်းကစားရလည်း အောင်မြင်အောင် ကြိုးစားသွားမယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောလိုက်ပါတယ်။

play

 

တကယ်လို့ အာဆင်နယ်က ချန်ပီယံလိဂ်အုပ်စုက ထွက်ခဲ့ရရင်လည်း ယူရိုပါလိဂ်ပြိုင်ပွဲမှာ အောင်မြင်ဖို့ ဆက်ပြီး အာရုံစိုက်သွားမယ်လို့ နည်းပြအာစင်ဝင်းဂါးက ပြောလိုက်ပါတယ်။ အာဆင်နယ်ဟာ နည်းပြအာစင်ဝင်းဂါး လက်ထက်မှာတော့ အာဆင်နယ်က တစ်ခါမှ ယူရိုပါလိဂ်၂၀၀၀ ခုနှစ်နောက်ပိုင်း မကစားခဲ့ရဖူးပါဘူး။

play

 

အာဆင်နယ်က အုပ်စုအတွင်းမှာ ရလဒ်မကောင်းခဲ့တဲ့အတွက် လက်ကျန်နှစ်ပွဲလုံး နိုင်ခဲ့ရင်တောင်မှ အုပ်စုတက်ဖို့ မသေချာ ဖြစ်နေပါပြီ။ လက်ရှိမှာ အုပ်စုအတွင်း အဆင့်လေးနေရာမှာ ရပ်တည်နေရတဲ့ အာဆင်နယ်အတွက် ယူရိုပါလိဂ်ကို ဆင်းကစားရဖို့ အခြေအနေများနေတယ်လို့ သုံးသပ်မှုတွေလည်း ရှိထားပါတယ်။

တကယ်လို့ အာဆင်နယ်က တတိယရခဲ့ရင်တော့ ချန်ပီယံလိဂ်ကပြုတ်ပြီး ယူရိုပါလိဂ်ကို ဆင်းကစား ရတော့မှာပါ။ ယူရိုပါလိဂ်ပြိုင်ပွဲက ချန်ပီယံလိဂ်ပြိုင်ပွဲထက် တစ်ဆင့်နိမ့်ပေမယ့် အာဆင်နယ် ကစားခဲ့ရရရင်လည်း လေးလေးစားစား ကစားသွားမယ်လို့ ဝင်းဂါးက ပြောတာပါ။

play

 

“ယူရိုပါလိဂ် ကစားရရင်လည်း လေးလေးစားစားနဲ့ အောင်မြင်အောင် ကစားသွားမှာပါ။ လောလောဆယ်တော့ ချန်ပီယံလိဂ်က ကျွန်တော်တို့ မထွက်ရသေးဘူးလေ” လို့ အာစင်ဝင်းဂါးက ပြောပါတယ်။ ဒီကနေ့ညမှာ အာဆင်နယ်က ဒိုင်နမိုဇာဂရက်နဲ့ ချန်ပီယံလိဂ် ကစားရမှာပါ။

Source & Photos : www.skysports.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ