play

လက်ရှိမှာတော့ မက်ဆီနဲ့ ရော်နယ်ဒိုက အကောင်းဆုံး ကစားသမားလို့ သတ်မှတ်ထားကြပါတယ်။

သြစတြေးလျဘောလုံးအသင်း ဖလောရစ်ဒေါ်ဖာအေစီ အသင်းရဲ့ အသက် ၇ နှစ်အရွယ် လူငယ်ကစားသမား လေးက မက်ဆီနဲ့ ရော်နယ်ဒိုတို့ထက် ပိုကောင်းတဲ့ ကစားသမားတွေ ဖြစ်လာမယ့်လို့ ဟောကိန်းတွေ ထွက်နေပါပြီ။ ကလပ်အသင်းရဲ့ အသက်-၈ နှစ်အောက်အသင်းမှာ ခြေစွမ်းပြနေတဲ့ သူ့ရဲ့ဗီဒီယိုဖိုင်ကြောင့် နာမည်အကြီးဆုံး လူငယ်ကစားသမားတစ်ဦး ဖြစ်နေပါပြီ။

အသက် ၇ နှစ်အရွယ် ဒီကလေးငယ်ရဲ့ နာမည်က ဖေဘီယန်ဘားရစ်လို့ ခေါ်ပါတယ်။ လူငယ်အသင်းရဲ့ ဘောလုံးပွဲမှာ ဖေဘီယန်ဘားရစ်က ပြိုင်ဘက်နောက်ခံလူ နှစ်ဦး၊ သုံးဦးလောက်ကို လိမ်ခေါက်ပြီး ဂိုးသွင်းသွားတဲ့ ဗီဒီယိုဖိုင်က သြစတြေးလျမှာတော့ အတော်လေး ရေပန်းစားနေတာပါ။

play

သူ့ရဲ့ အသင်းအတွက်တော့ ဘားရစ်က ဂိုးသွင်းစက်ပါပဲ

အသက် ၇ နှစ်လောက်အရွယ်ကတည်းက ဘားရစ်ဟာ လက်ရှိမက်ဆီ၊ ရော်နယ်ဒိုတို့လို ခြေစွမ်းကောင်းတဲ့ ကစားသမား ဖြစ်နေပြီိလို့ မှတ်ချက်ပေးမှုတွေလည်း ရှိနေပါပြီ။ သြစတြေးလျလူငယ် ဘောလုံးအသင်းမှာတော့ ဘားရစ်က နာမည်ကျော် တစ်ဦးလည်း ဖြစ်နေတာပါ။ သူက ကျောနံပတ် ၁၁ ကိုဝတ်ဆင်ပြီး ရှေ့တန်း ကစားတဲ့ ကစားသမားတစ်ဦးပါ။

အောက်မှာ ပြထားတဲ့ ဗီဒီယိုဖိုင်ကို ကြည့်ပြီး ဘားရစ်ရဲ့ ခြေစွမ်း ဘယ်လောက်တောင် ဂိုးသလဲ ဆိုတာ ပရိသတ် ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြည့်လိုက်ပါ။

Source : www.goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video