Sports: ဟဲဗီးဝိတ် လောကကို ချန်ပီယံဟောင်း ဒေးဗစ်ဟေး ပြန်လာပြီ

လာမယ့် ဇန်နဝါရီလမှာ ဒေးဗစ်ဟေးက သုံးနှစ်တာကာလအတွင်း သူ့အတွက် ပထမဆုံး လက်ဝှေ့ပွဲကို ပြန်လည်ထိုးသတ်တော့မှာ ဖြစ်ပါတယ်။

play

ကြိုးဝိုင်းပေါ် ပြန်လာမယ့် ဒေးဗစ်ဟေး

ဗြိတိန်ရဲ့ ဟဲဗီးဝိတ်တန်း လက်ဝှေ့ကျော် ဒေးဗစ်ဟေးက သြစတြေးလျဟဲဗီးဝိတ် လက်ဝှေ့သမား မာ့ခ်ဒီမိုရီနဲ့ ထိုးသတ်မယ်လို့ ကြေငြာလိုက်ပါပြီ။ အထူးစိန်ခေါ်ပွဲကို လာမယ့် ၂၀၁၆ ဇန်နဝါရီ ၁၆ ရက်နေ့ကျရင် လန်ဒန်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

play

သတင်းစာရှင်းလင်းပွဲကို အင်္ဂါနေ့မှာ လုပ်ခဲ့တာပါ

လက်ဝှေ့ကျော် ဒေးဗစ်ဟေးဟာ ၂၀၁၂ ခုနှစ်မှာ ဗြိတိန်ပြိုင်ဘက် ဒီရက်ခ်ချီဆိုရာ နဲ့ ထိုးသတ်ပြီးနောက်ပိုင်း ကတည်းက လက်ဝှေ့ကြိုးဝိုင်းပေါ်ကနေ ပျောက်ကွယ်သွားခဲ့တာ ဖြစ်ပါတယ်။ ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေးဗစ်ဟေးဟာ ဆုံးရှုံးခဲ့ရတဲ့ သူ့ရဲ့ ကမ္ဘာ့ချန်ပီယံ သရဖူကို ပြန်လည်ရယူဖို့ ကြိုးစားနေတာလို့ ဝန်ခံထားပါတယ်။ ဒေးဗစ်ဟေးဟာ ၂၀၁၁ ခုနှစ်တုန်းက ပြိုင်ဘက် ဝလာဒီမာကလစ်ရှ်ကိုနဲ့ ထိုးသတ်ခဲ့ပြီး တဲ့နောက် ကမ္ဘာ့ချန်ပီယံ ဘွဲ့ကို ဆုံးရှုံးခဲ့ရသူ ဖြစ်ပါတယ်။

play

ဟေးရဲ့ ပြိုင်ဘက် ဒီမိုရီ

အခုဒေးဗစ်ဟေးနဲ့ ထိုးသတ်မယ့် သြစတြေးလျပြိုင်ဘက် ဒီမိုရီကလည်း စံချိန်ကောင်း ရထားသူ ဖြစ်ပါတယ်။ ဒီမိုရီက ပရော်ဖက်ရှင်နယ်ဘဝ ၃၂ ပွဲထိုးသတ်ပြီး တစ်ပွဲပဲ ရှုံးထားသူ ဖြစ်ပါတယ်။ ဒေးဗစ်ဟေးက အရပ် ၆ ပေ ၃ လက်မရှိပြီး ကိုယ်အလေးချိန် ၂၁၀ ပေါင်ရှိပါတယ်။

Source : www.bbc.com

Photos : www.fightnews.com, www.bbc.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ