Sports: လေးဂိုးသွင်းပြီး ဘိုင်ယန်မြူးနစ် အုပ်စုပထမနဲ့ နောက်တဆင့် တက်ပြီ

အိုလံပီယာကို့စ်ကို လေးဂိုးနဲ့ နိုင်ခဲ့ပေမယ့် နည်းပြဂွါဒီယိုလာကတော့ သူ့ရဲ့ကစားသမားတွေ ခြေစွမ်း ဝေဖန်နေပါတယ်။

play

မူလာဂိုးသွင်းအပြီး

အုပ်စုတွင်းမှာ အင်အားအတောင့်ဆုံး ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကတော့ ဂရိကလပ် အိုလံပီယာကို့စ်ကို မိနစ် ၂၀ အတွင်း သုံးဂိုးသွင်းပြီး အုပ်စုပထမ ဖြစ်ခဲ့ပါပြီ။ ဘိုင်ယန်မြူးနစ်အတွက် တောက်ပခဲ့ကြသူတွေကတော့ ဒေါက်ဂလက်စ်၊ လီဝမ်ဒေါစကီးနဲ့ မူလာတို့ ဖြစ်ခဲ့ပါတယ်။

play

အဖွင့်ဂိုးရှင် ဒေါက်ဂလက်စ်

ပွဲစပြီး ၈ မိနစ်မှာတင် ဂိုးသမားဆီက ပြန်ထွက်လာတဲ့ ဘောလုံးကို ဒေါက်ဂလက်စ်က ပိတ်သွင်းခဲ့လို့ ဘိုင်ယန်အဖွင့်ဂိုး ရသွားတာပါ။ မှတ်တမ်းတွေအရတော့ တစ်ပွဲလုံးမှာ အိုလံပီကာကို့စ်ဘက်က ဘိုင်ယန်မြူးနစ် ဂိုးပေါက်တည့်တည့်ကို တစ်ကြိမ်မှ မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ တစ်ပွဲလုံး ပွဲကို စိုးမိုးထားတာလည်း ဘိုင်ယန်ပဲ ဖြစ်ခဲ့ပါတယ်။

play

 

ဒီပွဲအနိုင်ကြောင့် ဘိုင်ယန်မြူးနစ်ကတော့ ၁၂ မှတ်ရပြီး အုပ်စုပထမဖြစ်ဖို့ သေချာသွားပါပြီ။ အိုလံပီယာကို့စ်က လက်ရှိဒုတိယနေရာ ရောက်နေပြီး လက်ကျန်ပွဲကို အာဆင်နယ်နဲ့ အိမ်ကွင်းမှာ ကစားရမှာပါ။ တကယ်လို့ အာဆင်နယ်ကို ၂-၀ ဂိုးနဲ့အထက် ရှုံးခဲ့မယ်ဆိုရင်တော့ အိုလံပီယာကို့စ် နေရစ်ခဲ့ရမှာပါ။

ဘိုင်ယန်က ဒီပွဲနိုင်င်ခဲ့ပေမယ့် ခြေစွမ်းပိုင်းအရ သိပ်ကောင်းခဲ့တာမဟုတ်ဘူးလို့ နည်းပြဂွါဒီယိုလာက လည်းဝန်ခံထားပါတယ်။ ပထမပိုင်းမှာ ရခဲ့တဲ့ သုံးဂိုးလုံးဟာ မထင်မှတ်တဲ့ အခြေအနေကတဆင့် ရသွားခဲ့တာတွေ ဖြစ်ပါတယ်။ အထူးသဖြင့် အိုလံပီယာကို့စ် ဂိုးသမားနဲ့ နောက်တန်းတွေ ပေါ့ဆလွန်းလို့ ပေးလိုက်ရတဲ့ ဂိုးတွေပါ။

ဒုတိယပိုင်း ၉ မိနစ်မှာ ကိုးမန်းကလေးဂိုးမြောက်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဒဏ်ရာ နည်နည်း ရသွားခဲ့ပါတယ်။

Source : www.goal.com

Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ