Sports: ဂိုးပြတ်နိုင်ပြီး အုပ်စုတက်ဖို့ ချယ်လ်ဆီး အခြေအနေ ကောင်းလာ

နောက်ဆုံးပွဲ ဖြစ်တဲ့ ပေါ်တိုနဲ့ ပွဲမှာ ချယ်လ်ဆီးအနိုင်ရခဲ့ရင် အုပ်စုပထမနဲ့ နောက်တဆင့် တက်မှာပါ။

play

 

ချယ်လ်ဆီးက မက္ကဘီတဲလ်အဗစ်ကို ၄-၀ ဂိုးနဲ့ နိုင်လိုက်တဲ့အတွက် နောက်တဆင့်တက်ဖို့ အတော်လေး နီးစပ်သွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ကျန်နောက်ဆုံးပွဲမှာ ချယ်လ်ဆီးက ပေါ်တိုကို ရှုံးသွားမယ်ဆိုရင်တေ့ အုပ်စုက ထွက်သွားနိုင်နေပါသေးတယ်။

play

ကာဟေးလ်ဂိုးသွင်းအပြီး

မက္ကဘာတဲလ်အဗစ်နဲ့ပွဲမှာ ချယ်လ်ဆီးဘက်က နောက်ခံလူတွေဖြစ်တဲ့ ကာဟေးလ်နဲ့ ဇူးမားတို့ဆီက နှစ်ဂိုးအပြင် ဝီလျံနဲ့အော်စကာတို့ဆီက ဂိုးတွေပါထပ်ရခဲ့တာဖြစ်ပါတယ်။ နိုင်ပွဲရခဲ့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ကြယ်ပွင့် ဟာဇက်ကတော့ ဂိုးပေါက်ပျောက်ဆုံးနေဆဲ ဖြစ်သလို ခြေစွမ်းလည်း မပြနိုင်ဖြစ်နေဆဲပါ။

နိုင်ပွဲလိုတဲ့ ချယ်လ်ဆီးက ဒီပွဲကိုလူစုံထုတ်ကစားခဲ့ပြီး အစပိုင်းမှာ ဂိုးရဖို့ နည်းနည်းအခက်တွေ့ခဲ့ရပါတယ်။ မိနစ် ၁၀ မှာ ထောင့်ကန်ဘောကတဆင့် ကာဟေးလ်က သွင်းယူခဲ့တာပါ။ မက္ကာဘီတဲလ်အဗစ်ဟာ ချယ်လ်ဆီးကို တိုက်စစ်ဆင်ဖို့ထက် ဂိုးမပေးရအောင်သာ ကစားနေခဲ့လို့ ချယ်လ်ဆီးအခက်တွေ့ခဲ့ရပါတယ်။

play

ပွဲအပြီး တွေ့ရတဲ့ မော်ရင်ဟို

ပထမဂိုးကို မိနစ် ၂၀ မှာရခဲ့ပေမယ့် ဒုတိယဂိုးကိုတော့ ၇၃ မိနစ်ရောက်မှ ရခဲ့တာဖြစ်ပါတယ်။ ဟာဇက်ကို ထုတ်ပြီး မိနစ်ပိုင်းအတွင်းမှာတင် ဂိုးတွေဆက်တိုက်ရခဲ့တာပါ။ ချယ်လ်ဆီးရဲ့ ကစားကွက်ဟာ ဟာဇက်ကြောင့် အသက်မဝင် ဖြစ်နေခဲ့တယ်လို့တောင် ဆိုနိုင်ပါတယ်။ ပထမပိုင်းမပြီးခင်မှာ ချယ်လ်ဆီးကစားသမားဟောင်း ဘန်ဟိန်းက ကော်စတာကို ခြေနဲ့ကန်ခဲ့လို့ အနီကတ်ပြ အထုတ်ခံခဲ့ရပါသေးတယ်။

play

၇၃ မိနစ်မှာ သွင်းခဲ့တဲ့ ဝီလျံရဲ့ ဖရီးကစ်ဂိုး

၇၃ မိနစ်မှာ ဝီလျံက ပြစ်ဒဏ်ဘောကတဆင့် တိုက်ရိုက်သွင်းယူခဲ့တာပါ။ ဒီပွဲဂိုးပြတ်နိုင်ခဲ့တဲ့အတွက် နောက်ပွဲမှာ သရေတစ်မှတ်ရမယ်ဆိုရင် ချယ်လ်ဆီးက အုပ်စုဒုတိယနဲ့ တက်နိုင်ချေရှိပြီး နိုင်ခဲ့မယ်ဆိုရင်တော့ အုပ်စုပထမဖြစ်နိုင်ချေရှိနေပါတယ်။ ရှုံးခဲ့မယ်ဆိုရင်တော့ ယူရိုပါလိဂ်ကို ဆင်းကန်ရနိုင်ပါတယ်။

Source : www.goal.com

Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ