ဘိုင်ယန်မြူးနစ်လည်း အုပ်စုပထမနဲ့ နောက်တဆင့် တက်ပြီ ဖြစ်ပါတယ်
ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၅ ကိုကစားခဲ့ကြပြီးတဲ့ နောက်မှာတော့ အုပ်စုတက်မယ့် အသင်းတွေ ထွက်လာသလို အုပ်စုမှာ ကျန်ခဲ့ရတဲ့ အသင်းတွေလည်း ထွက်လာခဲ့ပါပြီ။ အုပ်စုတက်ဖို့ နောက်ဆုံးလက်ကျန်တစ်ပွဲအဖြေကို စောင့်ရဦးမယ့် အသင်းတွေလည်း ရှိထားပါတယ်။
ဇင်းနစ်က ရှုံးပွဲမရှိ ဖြစ်ခဲ့ပေမယ့် ဂျန့်နဲ့ ဗလင်စီယာအသင်းကတော့ နေရာလုကြရဦးမှာပါ
အုပ်စုပွဲစဉ်-၄ ပြီးကတည်းက အုပ်စုပထမရဖို့ သေချာနေတဲ့ဘာစီလိုနာက ရိုးမားကို ၆-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဆွာရက်ဇ်နဲ့ မက်ဆီတို့က နှစ်ဂိုးဆီသွင်းခဲ့ကြတာပါ။ ဒီအုပ်စုမှ ဘာစီလိုနာအပြင်ကျန်သုံးသင်းလုံး နောက်တဆင့် တက်နိုင်ပါသေးတယ်။ ရိုးမားနဲ့ လေဗာကူဆင်က ၅ မှတ်ဆီရထေားပြီး ဘိုရီဆော့ဗ်အသင်းက ၄ မှတ်ပါ။ နောက်ဆုံးပွဲမှာ ရိုးမားက ဘိုရီဆော့ဗ်နဲ့ တွေ့ရမှာ ဖြစ်ပြီး လေဗာကူဆင်က ဘာစီလိုနာနဲ့ပါ။ ဒီတော့ သုံးသင်းလုံး နောက်တဆင့် တက်နိုင်ချေရှိသေးလို့ အကြိတ်အနယ်ပါပဲ။
ရိုးမားကလည်း နောက်ဆုံးပွဲအထိ နိုင်ပွဲရှာဖို့ ကြိုးစားရဦးမှပါ
အုပ်စုကိုဦးဆောင်ပြီး ချယ်လ်ဆီးကိုတောင် နိုင်ထားတဲ့ ပေါ်တိုက ဒိုင်နမိုကိဗ်ကို ရှုံးခဲ့ပါတယ်။ ဒါကြောင့် ဒိုင်နမိုကိဗ်လည်း ၈ မှတ်ရပြီး အုပ်စုတက်ဖို့ အခြေအနေ ကောင်းလာတာပါ။ အခန့်မသင့်ရင် နောက်ဆုံးပွဲအပြီးမှာ ထိပ်ဆုံးက ပေါ်တိုတောင် ကျန်ရစ်ခဲ့နိုင်ပါတယ်။
ထိပ်ဆုံးက ဦးဆောင်နေပေမယ့် ပေါ်တိုလည်း နောက်ဆုံးပွဲမှာ ရှုံးရင် ကျန်ခဲ့နိုင်ပါတယ်
အုပ်စု - H ကဇင်းနစ်ကတော့ ၅ ပွဲကစားပြီး ၅ ပွဲလုံးအနိုင်ရခဲ့တဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပါတယ်။ ပွဲစဉ် ၅ မှာလည်း ဗလန်စီယာကို အနိုင်ယူခဲ့ပြန်တာပါ။ ဒုတိယနဲ့ တတိယနေရာမှာ ၆ မှတ်နဲ့ ၇ မှတ်အသီးသီး ရထားတဲ့ ဂျန့်အသင်းနဲ့ ဗလန်စီယာအသင်းက နောက်တဆင့်လုရမှာ ဖြစ်ပါတယ်။ ပွဲစဉ်-၅ မှာ ဗလန်စီယာ ရှုံးပြီး ဂျန့်က အနိုင်ရခဲ့တာကြောင့် အခုလို အကြိတ်အနယ် ဖြစ်လာတာပါ။
လက်ကျန်အုပ်စုပွဲစဉ်တွေကိုတော့ ပွဲစဉ် ၅ ဒုတိယနေ့ဖြစ်တဲ့ ယနေ့ညမှာ ထပ်ပြီး စောင့်စားရင်ခုန်ကြရ ဦးမှာပါ။
ပွဲစဉ်-၅ ရလဒ်များ
ဘိုရီဆော့ဗ် ၁-၁ လေဗာကူဆင်
ဇင်းနစ် ၂-၀ ဗလန်စီယာ
အာဆင်နယ် ၃-၀ ဒိုင်နမိုဇာဂရက်
ဘာစီလိုနာ ၆-၁ ရိုးမား
ဘိုင်ယန်မြူးနစ် ၄-၀ အိုလံပီယာကို့စ်
မက္ကဘီတဲလ်အဗစ် ၀-၄ ချယ်လ်ဆီး
လီယွန် ၁-၂ ဂျန့်
ပေါ်တို ၀-၂ ဒိုင်နမိုကိဗ်
Source : www.goal.com
Photos : www.dailymail.co.uk