Sports: အိုးထရက်ဖို့ဒ်မှာ ပီအက်စ်ဗီကို ရှုံးကြွေးဆပ်ရမယ့် မန်ယူ

ဒီတစ်ပွဲအနိုင်ရလိုက်ပြီဆိုရင် မန်ယူက ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ သေချာသွားတော့မှာ ဖြစ်ပါတယ်။

play

ပထမအကျော့တုန်းကတော့ မန်ယူရှုံးခဲ့ပါတယ်

ဒီနှစ်ချန်ပီယံလိဂ်မှာ မန်ယူအသင်းရှုံးခဲ့တဲ့ တစ်သင်းတည်းသော အသင်းဟာ ပီအက်စ်ဗီဖြစ်ပါတယ်။ ဒီနေ့ညမှာတော့ အဲဒီပီအက်စ်ဗီအသင်းနဲ့ မန်ယူ ချန်ပီယံလိဂ်ပွဲစဉ်-၅ ကို ဒုတိယအကျော့အဖြစ် ကစားကြရတော့မှာ ဖြစ်ပါတယ်။

မန်ယူက ပီအက်စ်ဗီကိုရှုံးခဲ့ပေမယ့် ဝုလ်ဘတ်နဲ့ စီအက်စ်ကေအေ မော်စကိုအသင်းတို့ အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးကိုတောင် ပြန်ရောက်လာပါသေးတယ်။ ပီအက်စ်ဗီက အိမ်ကွင်းပွဲစဉ်တွေ အနိုင်ရပေမယ့် အဝေးကွင်းပွဲစဉ်တွေမှာ ရလဒ်မကာင်းတာ တွေ့ရပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာက အုပ်စု-B မှာ ထိပ်ဆုံးက မန်ယူနဲ့ အောက်ဆုံးက စီအက်စ်ကေအေ မော်စကိုတောင် သုံးမှတ်ပဲကွာလို့ ဘယ်အသင်းမဆို အုပ်စုတက်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

play

လေ့ကျင့်ခန်း ဆင်းနေတဲ့ မန်ယူအသင်းသားများ

မန်ယူအသင်း နောက်ခံကစားသမား လုခ်ရှောဒဏ်ရာရာခဲ့တာ ပီအက်စ်ဗီနဲ့ ပွဲမှာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ မန်ယူအသင်းနိုင်လိုက်ပြီဆိုရင် ထိပ်တိုက်တွေ့ဆုံမှုအရာ သွားပြီဖြစ်တဲ့ မန်ယူကပဲ နောက်တဆင့် တက်ဖို့ သေချာသွားမှာ ဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားရမယ့်ပွဲမှာ ဖြစ်တာကြောင့် မန်ယူအနိုင်ရဖို့ ကြိုးစားမှာ ဖြစ်ပေမယ့် ပီအက်စ်ဗီကို အလွယ်တကူတော့ အနိုင်မရနိုင်ပါဘူး။

play

ပထမအကျော့က နိုင်ပွဲရ ပီအက်စ်ဂျီ

ဒီကနေ့ပွဲမှာ မန်ယူအသင်းအတွက် အဓိကပြဿနာက ဒဏ်ရာပြဿနာ ဖြစ်ပါတယ်။ ရွန်နေးနဲ့ မာရှယ်လည်း ပြန်ပါဖို့ မသေချာသေးပါဘူး။ ဟာရဲရားနဲ့ဖီးလ်ဂျုံးစ်တို့လည်း ပါနိုင်ဦးမှာ မဟုတ်ပါဘူး။

စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်ကတော့….

ပီအက်စ်ဗီက မန်ယူကို အိုးထရက်ဖို့ဒ်မှာပဲ နှစ်ကြိမ်ရှုံးနိမ့်ခဲ့ဖူးပါတယ်။

မန်ယူနဲ့ ပီအက်စ်ဗီအသင်းတို့ နောက်ဆုံးငါးကြိမ် တွေ့ဆုံကြရာမှာ ဘယ်တုန်းကမှ အိမ်ရှင်အသင်း မရှုံးခဲ့ဖူးပါဘူး။

ပထမပွဲတုန်းက ဒီပေးရဲ့ ဂိုးပါ

Source : www.guardian.co.uk

Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ