AD
AD
AD
play

 

အဂူရိုက မန်စီးတီးအသင်းအတွက်တော့ မက်ဆီ၊ ရော်နယ်ဒိုတို့လို ကစားသမားမျိုးကို ရထားသလိုပါပဲလို့ ဘူဖွန်က ပြောလိုက်တာပါ။

play

ဂျူဗင်တပ်နဲ့ မန်စီးတီး ပထမအကျော့တွေ့တုန်းက ဂျူဗင်တပ် နိုင်ထားတာပါ

ဒီနှစ်ဘောလုံးရာသီမှာ ဒဏ်ရာရနေတာကြောင့် ၁၃ ပွဲပဲ ပါဝင်ကစားရပါသေးတယ်။ ဒါပေမယ့် ၁၃ ပွဲမှာ အဂူရိုက ၉ ဂိုးသွင်းထားသူ ဖြစ်ပါတယ်။ “ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို ရောက်လာတဲ့အခါ အသင်းတွေက သူတို့အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေကို အားကိုးတက်ကြတယ်ဗျ။မက်ဆီနဲ့ ရော်နယ်ဒို တို့က အသင်းအတွက် အရေးပါဂိုးတွေ အများကြီးသွင်းကြတဲ့ ကျွန်တော်တို့ တွေ့ဖူးကြတာပဲ မဟုတ်လား။ အခုလည်း ရော်နယ်ဒိုက မန်စီးတီးအတွက်တော့ မက်ဆီနဲ့ ရော်နယ်ဒို တန်ဖိုးနဲ့ အတူတူပါပဲ။ ကစားသမားတစ်ယောက်က ချန်ပီယံလိဂ်ရအောင်တော့ မစွမ်းဆောင်နိုင်ပေမယ့် သူ့အသင်း အနိုင်ရအောင်တော့ လုပ်ပေးနိုင်ပါတယ်” လို့ ဘူဖွန်က ပြောတာပါ။

play

ဒီညပွဲမှာ ပါလာမယ့် အဂူရို

ဂျူဗင်တပ်နဲ့ မန်စီးတီးက ယနေ့ညမှာ ချန်ပီယံလိဂ် ပွဲစဉ်-၅ ကို ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အုပ်စုထိပ်ဆုံးနေရာဘယ်သူရမလဲဆိုတာ ဒီပွဲက အဖြေထုတ်ပေးနိုင်မှာပါ။ ဒါပေမယ့် ဒီနှစ်သင်းက ချန်ပီယံလိဂ်နောက်တဆင့်ကို တက်ရောက်ဖို့ သေချာနေကြပြီးသား ဖြစ်ပါတယ်။

Source : www.goal.com

Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Sports

AD