Sports: ယနေ့ည ချန်ပီယံလိဂ်တွင် မန်ယူမှ ရွန်နေးနှင့် မာရှယ် ပြန်ပါလာဖွယ်ရှိ

ရွန်နေးနဲ့ မာရှယ် ကြံ့ခိုင်မှု ပြည့်နေရင် ပွဲမှာထည့်ကစားသွားမယ်လို့ နည်းပြဗန်ဟားလ်က ပြောထားတာပါ။

play

 

ပြီးခဲ့တဲ့ စနေနေ့က ဝက်ဖို့ဒ်နဲ့ပွဲမှာ မပါနိုင်ခဲ့တဲ့ မန်ယူအသင်းခေါင်းဆောင် ရွန်နေးနဲ့ တိုက်စစ်မှူးမာရှယ်တို့ ဒီကနေ့ ချန်ပီယံလိဂ်ပွဲမှာ ပြန်ပါနိုင်ဖို့ အလားအလာတွေ များနေပြီလို့ သိရပါတယ်။ ရွန်နေးနဲ့ မာရှယ်တို့ ဟာ အင်္ဂါနေ့က လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်ပါခဲ့ကြပြီးနောက် ပြန်ပါနိုင်တော့မယ်လို့ သတင်းထွက်လာတာ ဖြစ်ပါတယ်။

play

လေ့ကျင့်ရေကွင်းမှာ တွေ့ရတဲ့ မာရှယ်နဲ့ အသင်းသားများ

မန်ယူအသင်းနည်းပြ ဗန်ဟားလ်ကလည်း ယတိပြတ်တော့ ပြောထားခြင်း မရှိသေးပါဘူး။ ပီအက်စ်ဗွီနဲ့ ပွဲမှာ ရွန်နေးပြန်ပါလာမယ်ဆိုရင်တောင် ပွဲထွက်လူစာရင်းမှာ ပါနိုင်ဖွယ်ရှိကြောင်းကိုလည်း နည်းပြဗန်ဟားလ်က အရိတ်အမြွတ် ပြောထားပါတယ်။

ဒဏ်ရာပြဿနာကင်းစင်စ ပြုနေပြီဖြစ်ပေမယ့် လေ့ကျင့်ရေးကွင်းထဲမှာ ရွန်းနေး၊ မာရှယ်၊ ဖယ်လိုင်နီတို့ရဲ့ ကြံ့ခိုင်မှုကို သူဆုံးဖြတ်ကြည့်ရှုဦးမှာ ဖြစ်တယ်လို့ ဗန်ဟားလ်က ဆိုပါတယ်။ အခြားကစားသမားတွေက သူတို့ ထက်ကြံ့ခိုင်မှု ပိုကောင်းနေရင်တော့ အခြားသူကိုပဲ ဦးစားပေး ရွေးမှာလို့ ဆိုထားပါတယ်။ ဒါပေမယ့် ဗြိတိန်မီဒီယာတွေကတော့ ရွန်နေးနဲ့ မာရှယ် ပွဲထွက်စာရင်းမှာ ပါဝင်လာမယ်လို့ ခန့်မှန်းထားပါတယ်။

play

 

ဒါ့အပြင် အသင်းကစားသမား ဒီပေးကိုလည်း ပထမအကျော့ပွဲစဉ်တုန်းကအတိုင်း ခြေစွမ်းပြဖို့ ဗန်ဟားလ်က တိုက်တွန်းထားပါတယ်။ ဒီပေးက ပီအက်စ်ဗီနဲ့ ပထမပွဲမှာ မန်ယူအတွက် ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

Source : www.givemesports.com

Photso : www.dailymial.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ