Sports: ပီအက်စ်ဗီကို မနိုင်ခဲ့လို့ နောက်ပွဲစဉ်မှာ မန်ယူအခက်တွေ့ဖွယ်ရှိ

နောက်ဆုံးလက်ကျန်ပွဲမှာ မန်ယူမနိုင်ခဲ့ဘူးဆိုရင် ချန်ပီယံလိဂ်က ထွက်ရဖွယ် ရှိနေပါတယ်။

play

နောက်ဆုံးပွဲမှာ မနိုင်ခဲ့ရင် မန်ယူချန်ပီယံလိဂ်  ထွက်သွားရနိုင်ပါတယ်

တိုက်စစ်မှူးမာရှယ်နဲ့ ရွန်နေးတို့ ပြန်လည်ပါဝင်လာခဲ့ပေမယ့် မန်ယူဟာ အိမ်ကွင်းမှာ ပီအက်စ်ဗီအသင်းကို အနိုင်မယူနိုင်ခဲ့ပဲ မဂိုးမရှိသရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပြန်ပါတယ်။ မန်ယူနဲ့ ပီအက်စ်ဗီက ဂိုးမရှိသရေ ရလဒ်ထွက်ပြီး တဖက်မှာ ဝုလ်ဘတ်က အနိုင်ရခဲ့တာကြောင့် အနိုင်ရတဲ့ဝုလ်ဘတ်က အုပ်စုထိပ်ဆုံးကို ရောက်လာတာပါ။

play

အသင်းခေါင်းဆောင် ရွန်နေးလည်း အနိုင်ရဖို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး

ဒီပွဲကိုမနိုင်ခဲ့တဲ့အတွက် မန်ယူဟာ နောက်ဆုံးပွဲဖြစ်တဲ့ ဝုလ်ဘတ်နဲ့ အဝေးကွင်းပွဲစဉ်ကို အနိုင်ကစားဖို့ လိုအပ်လာပြီဖြစ်ပြီး တကယ်လို့ ရှုံးခဲ့ရင်တော့ ချန်ပီယံလိဂ်က ထွက်ရတော့မှာပါ။ မန်ယူအသင်းနည်းပြဗန်ဟားလ်က ဒီပွဲကို အနိုင်ရဖို့အတွက် ဒီပေး၊ ရွန်နေး၊ မာရှယ်နဲ့ လင်ဂတ်တို့ တိုက်စစ်မှူးလေးဦးကို တစ်ပြိုင်တည်း ပွဲထုတ်ခဲ့ပါတယ်။

play

ဖယ်လိုင်နီ ဝင်လာခဲ့ပါတယ်

အထူးသဖြင့် မာရှယ်ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် ဖြုန်းတီးပစ်ခဲ့သလို လင်ဂတ်ကလည်း အကောင်းဆုံး ခွင့်အရေး တစ်ခုကို ဖြုန်းတီးပစ်ခဲ့ပါတယ်။ ပထမပိုင်းမှာတင် မန်ယူအသင်း ဂိုးသွင်းခွင့်များစွာ လေလွင့်ခဲ့ရပြီး  ပီအက်စ်ဗီ ဂိုးသမားလည်း လက်စွမ်းပြခဲ့လို့ ဂိုးမရှိသရေရလဒ် ထွက်လာတာပါ။ ၅၉ မိနစ်မှာ ဖယ်လိုင်နီနဲ့ အက်ရှ်လေယန်းတို့ ဝင်လာခဲ့ပေမယ့်လည်း မန်ယူအတွက် လိုအပ်ခဲ့တဲ့ ဦးဆောင်ဂိုးကို ရအောင် မစွမ်းဆောင် နိုင်ခဲ့ပြန်ပါဘူး။

ဒီပွဲသရေရလဒ်ကြောင့် စီအက်စ်ကေအေ မော်စကိုကလွဲလို့ ကျန်သုံးသင်းလုံး နောက်တဆင့် တက်ဖို့ အခွင့်အရေး ရှိနေပြီး နောက်ဆုံးပွဲမှာ ရှုံးတဲ့အသင်းက နေရခဲ့ရတော့မှာပါ။

Source & Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ