Sports: မန်စီးတီးရှုံးပြီး ရီးရဲလ်မက်ဒရစ် ပွတ်ကာသီကာ အနိုင်ရ

မန်စီးတီးက ရှုံးပေမယ့် အုပ်စုတက်ဖို့ သေချာနေခဲ့ပြီ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကလည်း အုပ်စု ပထမရဖို့ သေချာသလောက် ဖြစ်နေပါပြီ။

play

 

ချန်ပီယံလိဂ် အုပ်စုတက်ဖို့ သေချာနေပြီသားဖြစ်တဲ့ မန်စီးတီးနဲ့ ဂျူဗင်တပ်တို့ ပွဲစဉ်မှာတော့ ဂျူဗင်တပ် အသင်းက မန်စီးတီးကို အနိုင်ကစားပြီး အမှတ်ပေးဇယားကို ဦးဆောင်သွားပါတယ်။ ပထမပိုင်း ပွဲချိန် ၁၈ မိနစ်မှာတင် အဲလက်စ်ဇန်ဒရိုရဲ့ ဖြတ်တင်ဘောကို တိုက်စစ်မှူး မန်ဇူကစ်က ဂိုးအဖြစ် ပြောင်းလဲခဲ့လို့ ဂျူဗင်တပ် ဂိုးရသွားတာပါ။

play

 

ဒီဂိုးတစ်ဂိုးတည်းနဲ့ ဂျူဗင်တပ်က အိမ်ကွင်းပွဲစဉ်ကို အနိုင်ရခဲ့တာပါ

ရီးရဲလ်မက်ဒစ်နဲ့ ရှက်တာဒိုးနစ် ပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်က ပွတ်ကာသီကာ အနိုင်ရသွားပါတယ်။ မိနစ် ၇၀ အရောက်မှာ ရီးရဲလ်မက်ဒရစ်ဘက်က လေးဂိုးအရင်သွင်းခဲ့ပေမယ့် ရှက်တာဒိုးနက်က ၁၁ မိနစ်အတွင်း သုံးဂိုး ပြန်သွင်းလိုက်လို့ ရီးရဲလ်မက်ဒရစ် နိုင်ပွဲပျောက်တော့မလိုတောင် ဖြစ်ခဲ့ပါသေးတယ်။ ၁၈ မိနစ်မှာ ဂါရက်ဘေးလ်ရဲ့ ပေးပို့မှုကို ရော်နယ်ဒိုက ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး ဒုတိယဂိုးကိုတော့ ဒုတိယပိုင်းရောက်မှ လူကာမိုဒရစ်က သွင်းယူခဲ့တာပါ။ နောက်နှစ်မိနစ်အကြာမှာ ကာဗာဂျယ်က တတိယဂိုးသွင်းပြီး မိနစ် ၇၀ မှာ ရော်နယ်ဒိုက နောက်တစ်ဂိုး ထပ်သွင်းပြန်ပါတယ်။

play

ရော်နယ်ဒိုက နှစ်ဂိုးသွင်းပါတယ်

အဲဒီနောက် ရီးရဲလ်မက်ဒရစ် ပင်နယ်တီပြန်ပေးရပြီး ရှက်တာဒိုးနက်က ဒုတိယဂိုးက ထောင့်ကန်ဘောတဆင့် ခေါင်းတိုက်သွင်းယူသွားပြန်ပါတယ်။

play

ရှက်တာဒိုးနက်က ၁၁ မိနစ်အတွင်း သုံးဂိုး ပြန်သွင်းခဲ့တာပါ

တတိယဂိုးကို ရှက်တာဒိုးနက် ထပ်ရသွားပေမယ့်မကြာခင်မှာ ပွဲပြီးသွားလို့ ၃-၄ ဂိုးရလဒ်နဲ့ ရီးရဲလ်နိုင်ပြီး အုပ်စုပထမဖြစ်ဖို့ သေချာသွားပြီ ဖြစ်ပါတယ်။

ှSource & Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ