Sports: အာဆင်နယ်ကို ချန်ပီယံလိဂ်မှာ ရှုံးစေချင်တယ်လို့ မော်ရင်ဟိုပြော

ချန်ပီယံလိဂ်မှာ အာဆင်နယ်ကို အုပ်စုမတက်ပဲ အိုလံပီယာကို့စ်ကိုသာ နောက်တဆင့် တက်စေချင်တယ်လို့ မော်ရင်ဟိုက ပြောလိုက်ပါတယ်။

play

ချယ်လ်ဆီးကတော့ နောက်တဆင့်တက်ဖို့ ပိုပြီး အခွင့်အရေး ရှိပါတယ်

အာဆင်နယ်အသင်းကို ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ နောက်ထပ် ၁၆ သင်းရှုံးထွက်အဆင့်ကို မတက်စေချင်ဘူးလို့ ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက ဝန်ခံလိုက်ပါတယ်။ အကြောင်းကတော့ သူဟာ အိုလံပီယာကို့စ် အသင်းနည်းပြနဲ့ သူငယ်ချင်းဖြစ်နေတာကြောင့်လို့ မော်ရင်ဟိုက ပြောပါတယ်။

play

 

အာဆင်နယ်အသင်းရဲ့ အုပ်စုမှာ ဘိုင်ယန်မြူးနစ်က ရှုံးထွက်အဆင့်ကို တက်ဖို့ သေချာသွားပြီ ဖြစ်ပြီး အာဆင်နယ်နဲ့ အိုလံပီယာကို့စ်သာ နောက်တဆင့်တက်ဖို့ ကြိုးစားရတော့မှာပါ။ နောက်ဆုံး တစ်ပွဲကစားပြီးတဲ့အခါ အဖြေထွက်လာမှာ ဖြစ်ပါတယ်။ အိုလံပီယာကို့စ်နည်းပြ မာကိုဆေးလ်ဗားနဲ့  မော်ရင်ဟိုက အသိအကျွမ်းမိတ်ဆွေတွေ ဖြစ်ကြပါတယ်။

play

အာဆင်နယ်က နောက်တစ်ပွဲ နှစ်ဂိုးပြတ်နဲ့ နိုင်မှနောက်တဆင့် တက်မှာပါ

“ အင်္ဂလိပ်အသင်းတိုင်း နောက်တဆင့်တက်သွားတာကို ကျွန်တော်မြင်ချင်တာပါ။ ဒါပေမယ့် အာဆင်နယ်အုပ်စုထဲက ပြိုင်ဘက် အိုလံပီယာကို့စ်ကနည်းပြ မာကိုက ကျွန်တော့်သူငယ်ချင်း ဖြစ်နေတယ်။ အဲဒါကြောင့် အခုချိန်မှာတော့ မာကိုရဲ့ အသင်းကိုပဲ နောက်တဆင့်တက်တာ မြင်ချင်ပါတယ်” ဆိုပြီး မော်ရင်ဟိုက ပြောခဲ့တာပါ။ အာဆင်နယ်က နောက်ဆုံးပွဲဖြစ်တဲ့ အိုလံပီယာကို့စ်နဲ့ ပွဲမှာ နှစ်ဂိုးနဲ့အထက် အနိုင်ရခဲ့မယ်ဆိုရင် နောက်တဆင့်ကို တက်နိုင်မှာပါ။

ဒီလိုမဟုတ်ဘူးဆိုရင်တော့ အိုလံပီယာကို့စ်သာ နောက်တဆင့် တက်မှာ ဖြစ်ပါတယ်။ အာဆင်နယ် အုပ်စုမတက်ပဲ ယူရိုပါလိဂ် ကစားရမယ်ဆိုရင်လည်း ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းဖြစ်လာမယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။

Source : www.goal.com

Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ