Sports: ဂိုးသမား မစ်ဂနိုလက်ရဲ့ အမှားကြောင့် လီဗာပူး ဦးဆောင်ဂိုး ပေးခဲ့ရ

ဘောလုံးကို လက်ထဲမှာ အကြာကြီး ကိုင်ထားခဲ့တာကြောင့် ပင်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ဘော ပေးခဲ့ရပြီး ဘော်ဒိုးကို ဦးဆောင်ဂိုး ပေးခဲ့ရတာပါ။

play

မစ်ဂနိုလက်က ဘောလုံးကို လက်ထဲမှာ ၂၂ စက္ကန့်ကြာ ကိုင်ထားခဲ့တာပါ

ဘော်ဒိုးကို လီဗာပူးက အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဂိုးသမားမစ်ဂနိုလက်ရဲ့ လုပ်ရပ်ကြောင့် အသင်းဟာ ရှုံးတော့မလို ဖြစ်ခဲ့ရပါသေးတယ်။ ဂိုးမရှိသရေ ကျနေတဲ့အချိန် ပထမပိုင်းမှာ လီဗာပူး ဂိုးသမား မစ်ဂနိုလက်က ဘောလုံးကို လက်ထဲမှာ ၂၂ စက္ကန့်ကြာတဲ့အထိ ကိုင်ထားခဲ့လို့ ပြစ်ဒဏ်ပေးခဲ့ရတာပါ။

play

ဒိုင်လူကြီးက ဧည့်သည်အသင်းကို ပြစ်ဒဏ်ဘော ကန်ခွင့်ပေးရခဲ့ရပါတယ်

ဒီပြစ်ဒဏ်ဘောကို ဂိုးဧရိယာထဲမှာ ကန်ခွင့်ရခဲ့ပြီး ဂိုးအဖြစ် ပြောင်းလဲ နိုင်ခဲ့လို့ ဘော်ဒိုးက လီဗာပူးကို ၁-၀ နဲ့ ဦးဆောင်ကစားသွားခဲ့တာပါ။ ဒါပေမယ့် လီဗာပူးက ပင်နယ်တီတစ်ဂိုးပြန်ရခဲ့ပြီး ပထမပိုင်း မပြီးဆုံးခင်မှာ ရခဲ့တဲ့ ဘန်တီကီရဲ့ သွင်းဂိုးကြောင့်သာ အနိုင်ရခဲ့ပြီး ယူရိုပါလိဂ်အုပ်စုတက်ဖို့ သေချာသွားခဲ့တာ ဖြစ်ပါတယ်။

play

ဒါပေမယ့် ဘန်တီကီက အနိုင်ဂိုး ပြန်သွင်းပေးခဲ့ပါတယ်

ပရော်ဖက်ရှင်နယ် စည်းမျဉ်းတွေအရတော့ ဂိုးသမားတစ်ဦးဟာ ဘောလုံးကို လက်ထဲမှာ အများဆုံး ခြောက်စက္ကန့်အထိပဲ ကိုင်ထားခွင့် ရှိပါတယ်။ ဘောလုံးကို မရည်ရွယ်ပဲ  အချိန်အကြာကြီး ကိုင်ထားမိခဲ့ကြောင်း ဂိုးသမားမစ်ဂနိုလက်ကလည်း ဝန်ခံခဲ့ပါတယ်။ “အရေးကြီးတာကတော့ ကိုယ့်ရဲ့အမှားအတွက် ကျွန်တော်တို့ ပြန်ပြီး တာဝန်ယူနိုင်ခဲ့တာပါပဲ။ ပွဲကို အနိုင်နဲ့ ကျွန်တော်တို့ ပြန်ပြီး အဆုံးသတ်နိုင်ခဲ့ပါတယ်” လို့ မစ်ဂနိုလက်က ပြောပါတယ်။

Source  & Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ