Sports: အာဆင်နယ်ရဲ့ ဆွယ်တာအင်္ကျီ အသစ် ဝယ်လို့ရပြီ

ယခုနှစ် ဆောင်းရာသီမှာ ပရိသတ်တွေဝတ်ဖို့ ဆွယ်တာအင်္ကျီအသစ်ကို အာဆင်နယ်က မိတ်ဆက်လိုက်ပါပြီ။

play

ဆွယ်တာအရောင်းမြှင့်တင်ရေးအတွက် ဓာတ်ပုံမော်ဒယ်လုပ်ပေးတဲ့ အိုဇေး

အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေအတွက် ဆောင်းရာသီဝတ် ဆွယ်တာဝတ်စုံသစ်ကို ရောင်းချတော့မှာ ဖြစ်ပြီး အသင်းကစားသမားတွေဖြစ်တဲ့ အိုဇေးနဲ့ ဆန်းချက်ဇ်တို့က မော်ဒယ်လုပ်ပေးထားပါတယ်။ အထူးသဖြင့် ဒီဇင်ဘာလအတွင်း ဝတ်ဆင်ဖို့ သင့်တော်တဲ့ အာဆင်နယ်အမှတ်တံဆိပ်ပါ ဆွယ်တာအင်္ကျီတွေကို အသင်းက ရောင်းချတာ ဖြစ်ပါတယ်။

play

ဆန်းချက်ဇ်ကလည်း မော်ဒယ်လုပ်ပေးခဲ့ပါသေးတယ်

ကွင်းလယ်ကစားသမား အိုဇေးကလည်း အာဆင်နယ်ရဲ့ ဆွယ်တာဝတ်စုံသစ်ကို ဝတ်ပြီး သူ့ရဲ့လူမှုကွန်ယက် အကောင့်တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။ နောက်လာမယ့်ပွဲကျရင် ပရိသတ်တွေအားလုံး ဒီဆွယ်တာတွေဝတ်ပြီး အာဆင်နယ်ကို လာရောက်အားပေးကြတာ မြင်ပါရစေလို့လည်း အိုဇေးက ရေးသားခဲ့ပါသေးတယ်။

play

 

အာဆင်နယ် ဆွယ်တာတွေကို  ဆွယ်တာအရှေ့မှာ နှင်းလူသားပုံစံ အရုပ်က အနီနဲ့အဖြူရောစပ်ထားတဲ့ မာဖလာကို ပတ်ထားတဲ့ဒီဇိုင်းဖြစ်ပါတယ်။ ဆွယ်တာ ဈေးနှုန်းကတော့ စတာလင်ပေါင် ၃၀ ဖြစ်ပါတယ်။ ရောင်းချလို့ရရှိတဲ့ ဆွယ်တာတွေထဲက တန်ဖိုး ၂၀ ရာခိုင်နှုန်းကို အာဆင်နယ် ဖောင်ဒေးရှင်ဆီ ပြန်လည်လှူဒါန်းမှာ ဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ဒီဆွယ်တာဝတ်ကြဖို့ အာဆင်နယ်က ပရိသတ်တွေကို တိုက်တွန်းထားပါတယ်။

Source & Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ