Sports: ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆန်ခါတင် ၅၅ ဦးစာရင်း ဖီဖာထုတ်ပြန်

ကမ္ဘာ့အကောင်းဆုံးအသင်းကို ရွေးဖို့အတွက် ဆန်ခါတင် ကစားသမား ၅၅ ဦးစာရင်းကို ထုတ်ပြန်လိုက်ပါတယ်။

 

အင်္ဂလိပ်ကစားသမားတွေထဲက ရွန်နေးနဲ့ တယ်ရီ နှစ်ဦးသာ ရွေးချယ်ခံခဲ့ရပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးအသင်းမှာ ပါဝင်မယ့် ဆန်ခါတင် ကစားသမား ၅၅ ဦးကို ဖီဖာက ထုတ်ပြန်ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်က ကစားသမား ၁၀ ဦးအထိ ဆန်ခါတင် စာရင်းမှာ  ပါဝင်နေပေမယ့် အင်္ဂလိပ်ကစားသမားကတော့ ရွန်နေးနဲ့ တယ်ရီ နှစ်ဦးသာ ပါဝင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်တစ်သင်းလုံး ဆန်ခါတင်စာရင်းမှာ ပါဝင်ပါတယ်

ဆန်ခါတင် ၅၅ ဦးစာရင်းမှာ ရီးရဲလ်မက်ဒရစ် ကစားသမားတွေ အများဆုံးဖြစ်ပြီး ၁၂ ဦးအထိ ပါဝင်ထားပါတယ်။ ဒီနှစ်အတွက် အကောင်းဆုံး ဘောလုံးသမား ၁၁ ဦးစာရင်းကို လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့ရောက်ရင် ထုတ်ပြန်ကြေငြာသွားမှာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပွဲထွက်ကစားသမား ၁၁ ဦးလုံးလည်း ဒီစာရင်းထဲမှာ ပါဝင်ထားပါတယ်။

ရီးရဲလ်မက်ဒရစ်ကတော့ ၁၂ တောင် ပါဝင်ပါတယ်

ကမ္ဘာတစ်လွှားက ပရော်ဖက်ရှင်နယ် ဘောလုံးသမား ၂၅၀၀၀ ကို မဲပေးရွေးချယ်ခိုင်းခဲ့ပြီးတဲ့နောက် ဆန်ကာတင်ကစားသမား ၅၅ ဦးစာရင်းထွက်လာခဲ့တာပါ။ ပရီးမီးယားလိဂ်မှာဆိုရင်တော့ မန်စီးတီး ကစားသမား အများစုပါဝင်ကြပါတယ်။ အဂူရို၊ ဆေးလ်ဗား၊ ယာယာတိုယေး၊ ကွန်ပနီနဲ့ ချယ်လ်ဆီးက အီဗန်နိုဗစ်ခ်ျ၊ ဟာဇက်၊ တယ်ရီနဲ့ မန်ယူက ဒီဂီယာ၊ ရွန်နေး စတဲ့ ကစားသမားတွေ ပါဝင်ကြတာပါ။ အာဆင်နယ်က ဆန်းချက်ဇ်လည်း ဒီစာရင်းမှာပါဝင်ထားပါတယ်။

Source & Photos : www.bbc.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ