Sports: တားမြစ်ဆေး အရှုပ်တော်ပုံ ကြောင့် ရုရှားကို နိုင်ငံတကာ ပြိုင်ပွဲများ ကစားခွင့် ပိတ်ပြီ

အိုလံပစ် အားကစားပြိုင်ပွဲတွေမှာလည်း ရုရှားအားကစားအဖွဲ့တွေကို တွေ့ရတော့မှာ မဟုတ်ပါဘူး။

play

 

တားမြစ်ဆေး အရှုပ်တော်ပုံတွေကြောင့် ကမ္ဘာ့အားကစားပြိုင်ပွဲတွေမှာ ရုရှားအဖွဲ့တွေ ပါဝင်ယှဉ်ပြိုင်ခြင်းအပေါ် အကန့်အသတ်မရှိ ပိတ်ပင်လိုက်တာကို ရုရှားအားကစားအဖွဲ့ချုပ်က လက်ခံလိုက်ပြီ ဖြစ်ပါတယ်။

play

သမ္မတပူတင်နဲ့ ရုရှားအားကစားအဖွဲ့ချုပ် တာဝန်ရှိသူတွေ ဒီကိစ္စကိုဆွေးနွေးခဲ့ပြီးပါပြီ

ဒါ့အပြင် ရုရှားအားကစားလောကအတွင်း တားမြစ်ဆေးအရှုပ်တော်ပုံတွေကို ဖော်ထုတ်ဖို့အတွက် နိုင်ငံကာစုံစမ်းစစ်ရေး မှူးတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ပါ အဖွဲ့ချုပ်က သဘောတူလိုက်ပါပြီ။ နိုင်ငံတကာ အားကစားအဖွဲ့ချုပ်က မိုနာကိုမှာ အစည်းအဝေးပြုလုပ်ခဲ့ပြီးတဲ့နောက် ရုရှားအားကစားအဖွဲ့အတွေကို နိုင်ငံတကာ ပြိုင်ပွဲတွေကနေ အချိန်အကန့်အသတ်မရှိ ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်တယ်ဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။

play

 

တားမြစ်ဆေးကိစ္စကြောင့် နိုင်ငံတကာပြိုင်ပွဲတွေ အားလုံးမှာ ပါဝင်ခွင့် ပိတ်ပင်ခံခခဲ့ရတာ ရုရှားအားကစားအဖွဲ့ချုပ်က ပထမဆုံး ဖြစ်လာပါတယ်။ ရုရှားကို ပြိုင်ပွဲဝင်ခွင့်ပိတ်ဖို့ မဲခွဲဆုံးဖြတ်ရာမှာ ၂၂-၁ မဲနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ ရုရှားက အိမ်ရှင်ပြုလုပ်ဖို့ စီစဉ်ထားတဲ့ မြင်းပြိုင်ပွဲတွေကို မကျင်းပတော့ဖို့ကိုလည်း အစောကတည်းက ဖျက်သိမ်းခဲ့ပြီးပါပြီ။ ရုံတွင်းအားကစားပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရမှာ မဟုတ်တော့ပါဘူး။

Source : www.theguardian.co.uk

Photos : www.washintontimes.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ