Sports: ပြင်သစ်လီဂူး ပွဲစဉ်တွေ အဝေးကွင်း ပရိသတ် မပါပဲ ကစား ရတော့မယ်

လုံခြုံရေး အခြေအနေကြောင့် လာမယ့်ဒီဇင်ဘာလလယ်အထိ ပြင်သစ်လီဂူးပွဲစဉ်တွေကို အဝေးကွင်း အသင်းရဲ့ ပရိသတ်တွေလိုက်လံ အားပေးလို့ ရမှာ မဟုတ်ပါဘူး။

play

 

ပါရီတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပြင်သစ်လီဂူး-၁ ဘောလုံးပွဲစဉ်တွေ အားလုံးကို အဝေးကွင်း ပရိတ်သတ်တွေမပါပဲ ကစားကြဖို့ ညွှန်ကြားလိုက်ပါပြီ။ လာမယ့် ဒီဇင်ဘာလလယ်လောက်အထိ ဘောလုံးပွဲစဉ်တွေကို အဝေးကွင်းပရိသတ်တွေ လိုက်လံအားပေးနိုင်တော့မှာ မဟုတ်ပါဘူး။

play

 

နိုင်ငံအတွင်း အရေးပေါ်လုံခြုံရေး အခြေအနေကြေငြာထားရချိန်မှာ ရဲတပ်ဖွဲ့အင်အားနည်းပါးနေပြီး လာမယ့် ရာသီဥတုဆွေးနွေးပွဲမှာလည်း လုံခြုံအင်အားလိုအပ်မှာ ဖြစ်တာကြောင့် ဘောလုံးပွဲတွေကို အဝေးကွင်း ပရိသတ် လိုက်ပါခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ ကုလသမ္မဂရဲ့ ရာသီဥတုပြောင်းလဲလာမှုအပေါ် အဖြေရှာတဲ့ ဆွေးနွေးပွဲကို နိုင်ဝင်ဘာ ၃၀ ရက်နေ ဒီဇင်ဘာ ၁၁ ရက်အထိ ကျင်းပမှာ ဖြစ်လို့ အဲဒီမှာလည်း လုံခြုံရေးတွေ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။

Source & Photos :www.dialymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ