Sports: မန်ယူနဲ့ပွဲမှာ ဂိုးသွင်း စံချိန်သစ် ရဖွယ်ရှိတဲ့ လက်စတာ တိုက်စစ်မှူး ဗာဒီ

play

ဒီကနေ့ည ဗာဒီ စံချိန်သစ်ရမလားဆိုတာ စိတ်ဝင်စားစရာပါ

ပရီးမီးယားလိဂ်ရရဲ့ ထိပ်ဆုံးနေရာလုပွဲကို ဒီကနေ့ည ပရိသတ်တွေ ကြည့်ကြရမှာ ဖြစ်ပါတယ်။ မနှစ်က ဘောလုံးရာသီမှာ တန်းမဆင်းဖို့ အနိုင်နိုင် ရုန်းကန်ခဲ့ရတဲ့ လက်စတာဟာ ဒီရာသီမှာတော့ ၁၃ ပွဲကစားအပြီးမှာ အမှတ်ပေးဇယားကို ဦးဆောင်တဲ့ အသင်းဖြစ်နေပါပြီ။

နောက်ဆုံးပရီးမီးယားလိဂ်ပွဲမှာတုန်းက လူမစုံတဲ့ မန်ယူဟာ ဝက်ဖို့ဒ်ကို နောက်ဆုံးမိနစ်မှ သွင်းတဲ့ဂိုးနဲ့ အနိုင်ရခဲ့လို့ လက်စတာနဲ့ တစ်မှတ်အကွာ ဒုတိယနေရာမှာ ရှိနေတဲ့ အသင်းပါ။ ဒါကြောင့်ဒီကနေ့ပွဲဟာ လက်စတာ  အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်ရှိနေမလား၊ ဒါမှမဟုတ် မန်ယူက အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်လာမလားဆိုတဲ့ ဆုံးဖြတ်ပေးမယ့် ပွဲဖြစ်ပါတယ်။ ဆက်ကြည့်ရအောင်ပါ။

play

ဂိုးပေါက်ပျောက်နေဆဲ ရွန်နေး

ဒီနေ့ပွဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံး ကစားသမားက ဗာဒီပါ။ ဗာဒီဟာ ၁၀ ပွဲဆက်တိုက် ဂိုးသွင်းထားခဲ့သူ ဖြစ်ပြီး ဒီစံချိန်ဟာ အရင်က ရုဒ်ဗန်နစ္စတယ်ရွိုင်း တင်ထားနိုင်ခဲ့တဲ့ စံချိန်ဖြစ်ပါတယ်။ ဒီညပွဲမှာ ဗာဒီ ဂိုးထပ်သွင်းနိုင်ခဲ့ရင် ၁၁ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ စံချိန်သစ်ကို ရမှာ ဖြစ်ပါတယ်။ စံချိန်သစ်တင်မလား ရပ်တန့်သွားမလား ဆိုတာ ဒီကနေည စောင့်ကြည့်ရမှာပါ။

play

၁၀ ပွဲမှာ ၁၃ ဂိုးသွင်းထားတဲ့ ဗာဒီ

လက်စတာနဲ့ပွဲမတိုင်ခင်မှာ မန်ယူအသင်း ခြေစွမ်းကတော့ စိတ်ပျက်စရာ ဖြစ်ပါတယ်။ အသင်းမှာ ဒဏ်ရာရ ကစားသမားအချို့ အခုမှပြန်ကောင်းခါစ ဖြစ်လို့ အချိတ်အဆက် လွဲနေပါသေးတယ်။ ပီအက်စ်ဗီနဲ့ပွဲမှာ ဂိုးမသွင်း နိုင်ခဲ့တာကို ကြည့်ရင်တွေ့နိုင်မှာပါ။

play

မနှစ်က မန်ယူကို လက်စတာက ၅-၃ နဲ့ အနိုင်ယူခဲ့တာပါ

လက်စတာရဲ့ လောလောဆယ် ရည်မှန်းချက်က အမှတ် ၄၀ ရဖို့ဖြစ်တယ်လို့ နည်းပြရာနီရေးယီက ပြောထားပါတယ်။ အခု ၂၈ မှတ်ရထားပြီဖြစ်ပါတယ်။ မှတ်မှတ်ရရ မနှစ်က မန်ယူကို လက်စတာ အနိုင်ပြီး နာမည်ကြီးခဲ့ဖူးပါတယ်။ ဒီနှစ်တော့ ပိုကောင်းတဲ့ လက်စတာကိုမန်ယူ ရင်ဆိုင်ရတော့မှာပါ။ မန်ယူက လုခ်ရှောနဲ့ ဗန်လန်စီယာ မပါဖို့ သေချာပေမယ့် ကာရစ်နဲ့ ဟာရဲရားတို့တော့ ဒီပွဲမှာ လူစားဝင် ပြန်ပါချင် ပါလာနိုင်ပါတယ်။

မန်ယူဟာ ပရီးမီးယားလိဂ်မှာ လက်စ်တာနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၁၁ ပွဲမှာ ၁၀ အထိနိုင်ထားတဲ့အသင်းပါ။ မနှစ်က ၅-၃ နဲ့ရှုံးတဲ့တစ်ပွဲပဲ ရှိခဲ့ပါတယ်။

မန်ယူကို ၅-၃ နဲ့လက်စတာက နိုမ့်ခဲ့တဲ့ပွဲမှာ မန်ယူက နှစ်ဂိုးအရင်သွင်းခဲ့တာပါ။ မန်ယူးကို နှစ်ဂိုးပေးရပြီးမှ အနိုင်ပြန်ကစားနိုင်တဲ့အသင်းဟာ အခုချိန်ထိ လက်စတာတစ်သင်းပဲ ရှိပါသေးတယ်။

Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ