Sports: နိုင်ပွဲပျောက်လို့ ဖိအားများနတဲ့ မန်စီးတီး ဆောက်သမ်တန်ကို နိုင်ပါ့မလား

ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်နေတဲ့ မန်စီးတီးအတွက် ဒီပွဲမှာလည်း အနိုင်ရဖို့ ရုန်းကန်ရဦးမှာပါ။

play

 

လီဗာပူးနဲ့ ဂျူဗင်တပ်ကို နှစ်ပွဲဆက်တိုက် ရှုံးခဲ့တာကြောင့် မန်စီးတီးနည်းပြ ပယ်လီဂရီနီလည်း ဖိအားးဝင်နေပါတယ်။ ရှေ့မှာလည်း အက်စတွန်ဗီလာကိုပါ သရေကျထားတာကြောင့် မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ပြီး တတိယနေရာ ရောက်နေပါပြီ။

play

စတာလင်က စောင့်ကြည့်ရမယ့် ကစားသမားပါ

ဆောက်သမ်တန်ဟာ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲအတွင်း မန်စီးတီးကို တစ်ပဲသာ နိုင်ထားတဲ့ အသင်းပါ။ မနှစ်က ခြေစွမ်းတောက်ပခဲ့ပေမယ့် ဒီနှစ်တော့ ပိုပြီးရုန်းကန်နေရတဲ့ အသင်းပါ။ နိုင်ပွဲပျောက်ပြီး တတိယနေရာ ရောက်လာလို့ ဖိအားဝင်နေတဲ့ မန်စီးတီးအသင်းဆီက ဆောက်သမ်တန် အမှတ်ယူဖို့ ဆိုတာ မလွယ်လှပါဘူး။

play

ဖိအားများနေတဲ့ ပယ်လီဂရီနီ

နောက်ခံလူကွန်ပနီ၊ ဇာဘလက်တာ၊ ဆေးလ်ဗား၊ နာဆရီနဲ့ အဂူရိုတို့ မပါနိုင်ခဲ့တဲ့ အချိန်မှာ မန်စီးတီး ရုန်းကန်ခဲ့ရပေမယ့် အခုတော့ အချို့ပြန်ပါနိုင်ပြီဖြစ်ပါတယ်။ ကွန်ပနီနဲ့ နာဆရီကတော့ မပါဖို့ ကျိန်းသေပါတယ်။ ဆေးလ်ဗား သက်သာရင် ပြန်ပါလာဖွယ်ရှိပါတယ်။

play

ဂျိုးဟတ်က ဒီနေ့ပွဲမ မပါနိုင်ပါဘူး

ဒီနေ့ပွဲမှာ စောင့်ကြည့်ရမှာက စတာလင်ဖြစ်ပါတယ်။ စတာလင်က ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ငါးပွဲမှာ သုံးဂိုးအထိ သွင်းထားသူပါ။ ဒါပေမယ့် နောက်ဆုံးပရီးမီးယားလိဂ် ၈ ပွဲကစားရာမှာ မန်စီးတီးက သုံးပွဲပဲ အနိုင်ရထားတယ်ဆိုတာလည်းမမေ့သင့်ပါဘူး။

ှSource : opta

Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ