Sports: အပြာကား ပေါက်ကြားခဲ့တဲ့ ကိစ္စမှာ နာဆရီလည်း ကြံရာပါဟု သတင်းထွက်လာ

ပြင်သစ်ကစားသမားတွေ ဖြစ်တဲ့ ဗယ်ဘူနာနဲ့ ဘန်ဇီမားတို့ရဲ့ အရှုပ်တော်ပုံထဲ နာဆရီပါ ရောက်လာခဲ့ပါပြီ။

play

နာဆရီကတော့ ဒီကိစ္စကို ငြင်းထားပါတယ်

ပြင်သစ်ကစားသမား  အပြင်ကို ပေါက်ကြားခဲ့ပြီးတဲ့နောက် နာဆရီလည် ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ တရားရုံးမှာ ဒီဖြစ်ရပ်ကို ကြားနာခဲ့စဉ်တုန်းက မန်စီးတီး ကစားသမား နာဆရီရဲ့ နာမည်လည်း ပါဝင်ခဲ့တယ်လို့ဗယ်ဘူနာက သတင်းစာတစ်စောင်နဲ့အင်တာဗျူးမှာဖြေကြားခဲ့တာပါ။

ဒီသတင်းကို မန်စီးတီးကစားသမား နာဆရီက ပြတ်ပြတ်သားသားငြင်းဆိုထားပြီး ဗယ်ဘူနာက သူ့ကို တမင်သက်သက် အရှုပ်တော်ပုံထဲ ဆွဲထည့်ခဲ့တာလို့ ပြောလိုက်ပါတယ်။ အပြင်ကိုပေါက်ကြားခဲ့တဲ့ Sex Tape အကြောင်းသူဘာမှ မသိသလို ဒီကိစ္စမှာ သူ့အနေနဲ့ ဘယ်လိုပတ်သတ်မှုမျိုးမှ မရှိဘူးလို့ ပြန်လည်ဖြေရှင်းထားပါတယ်။

play

ဗယ်ဘူနဲ့ ဘန်ဇီမားတို့က ဒီအရှုပ်တော်ပုံထဲ ပါခဲ့တာပါ

“သူက ကျွန်တော့်ကို သက်သက်ဆွဲထည့်တာပဲဗျ။ ဒီကိစ္စကျွန်တော်သူနဲ့ စကားပြောရလိမ့်မယ်။ ရှင်းရှင်းပြောရရင် အဲဒီအပြာကားကိစ္စလည်း ကျွန်တော်စိတ်မဝင်စားဘူး။ အဲဒါ ကျွန်တော့်ကိစ္စမဟုတ်ဘူးလေ။ အခုတော့ သူများကိစ္စက ကျွန်တော့်ကို မပျော်မရွှင်ဖြစ်အောင် လုပ်လာနေပါပြီ” လို့နာဆရီက တုန့်ပြန်ထားပါတယ်။

အပြင်ကို ပေါက်ကြားခဲ့တဲ့ အပြာကားရိုက်ကူးခဲ့မှုမှာ ဗယ်ဘူနာနဲ့ဘန်ဇီမားတို့ ပါဝင်ပတ်သတ်ခဲ့တယ်လို့ သိရပါတယ်။

Source : www.goal.com

Photos : www.bbc.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ