Sports: မန်စီးတီး နိုင်ပွဲပြန်ရပေမယ့် တိုက်စစ်မှူး အဂူရို ဒဏ်ရာ ထပ်ရသွား

မန်စီးတီးအပါအဝင် စနေညမှာတော့ အိမ်ရှင်အသင်းတွေအားလုံးနီးပါး ရလဒ်ကောင်းခဲ့ကြတာ တွေ့ရပါတယ်။

play

ဒီဘရိုင်း ဂိုးသွင်းပြီး အောင်ပွဲခံနေကြစဉ်

ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့ပြီးတဲ့နောက် မန်စီးတီးဟာ ဆောက်သမ်တန် အသင်းဆီက နိုင်ပွဲ ပြန်ယူနိုင်ခဲ့ပါပြီ။ မန်စီးတီးအတွက်တော့ နောက်ဆုံး လေးပွဲအတွင်း ပထမဆုံး နိုင်ပွဲကို ပြန်ရခဲ့တဲ့ ညလည်းဖြစ်ပါတယ်။

play

ကိုလာရော့ဗ်က အသင်းအတွက် တတိယဂိုးကို သွင်းခဲ့ပါတယ်

စနေည ကစားခဲ့တဲ့ အစောပိုင်းပွဲစဉ်တွေအားလုံးမှာ အက်စတွန်ဗီလာကလွဲလို့ အိမ်ရှင်အသင်းအားလုံး အခြေအနေ ကောင်းခဲ့ကြပါတယ်။ ဘုန်းမောက်က နောက်ကျဂိုးနဲ့ အဲဗာတန်ကို သုံးဂိုးစီ သရေကျအောင် ကစားနိုင်ခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်က နယူးကာဆယ်ကို ၅-၁ ဂိုးနဲ့ နိုင်ပါတယ်။ နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ ပြန်ကောင်းနေတဲ့ ဆန်းဒါးလန်းက စတုတ်စီးတီးကို ၂-၀ နဲ့နိုင်ပါတယ်။ ဒါကြောင့် ဆန်းဒါးလန်းဟာ တန်းဆင်းဇုန်ကထဲက တက်လာပါပြီ။ မန်စီးတီးက ဆောက်သမ်တမ်ကို ၃-၁ ဂိုးနဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။

play

ဆန်းဒါးလန်းအတွက် ဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ ဗန်အန်ဟော့

ပရီးမီးယားလိဂ် နိုင်ပွဲပြန်ရပေမယ့် မန်စီးတီးတိုက်စစ်မှူး အဂူရိုဒဏ်ရာပြန်ရသွားပြန်တာကြောင့် အသင်းအတွက် ထိုးနှက်ချက်ဖြစ်လာပါတယ်။ မန်စီးတီးအတွက် အဖွင့်ဂိုးကို ဒီဘရွိုင်းက ၉ မိနစ်အရောက်မှာတင် သွင်းယူပေးခဲ့တာပါ။ မိနစ် နှစ်ဆယ်အရောက်မှာ မန်စီးတီးကွင်းလယ် ကစားသမား ဒပ်ဖ်ရဲ့ အဝေးကန်ချက်က နောက်ခံလူနဲ့ ထိပြီး လမ်းကြောင်းပြောင်းသွားလို့ ဒုတိယဂိုး ရခဲ့ပြန်ပါတယ်။

play

ဒဏ်ရာသက်သာလာပြီး သိပ်မကြာခင်မှာ ဒဏ်ရာပြန်ရသွားတဲ့ အဂူရို

ဒုတိယပိုင်း ပြန်စပြီး သိပ်မာကြာခင်မှာ ဆောက်သမ်တန်က ရှိန်းလောင်း ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့ကာ ဆောက်သမ်တန်က ဂိုးထပ်ရဖို့ ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၆၉ မိနစ်မှာ ကိုလာရော့ဗ်က မထင်မှတ်ပဲ တစ်ဂိုးထပ်သွင်းလိုက်လို့ ဆောက်သမ်တန် ကစားအား ပြန်ကျသွားပြီး ရှုံးပွဲတွေ့ခဲ့ရပါတယ်။ ဒီနေ့ ပွဲမှာ ခြေစွမ်းပြခဲ့သူကတော့ မန်စီးတီး အလယ်တန်းကစားသမား ဒပ်ဖ်ဖြစ်ခဲ့ပါတယ်။

ပွဲ Highlight ကိုအောက်ပါလင့်ခ်မှာ ကြည့်ပါ

Source : www.flashscore.com

Photos :www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ