Sports: မန်ယူကို ဂိုးသွင်းပြီး နစ္စတယ်ရွိုင်းရဲ့ ဂိုးသွင်း စံချိန်ကို ချိုးလိုက်တဲ့ ဗာဒီ

ပရီးမီးယားလိဂ် သမိုင်းမှာ ၁၁ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားက လက်စတာတိုက်စစ်မှူး ဗာဒီဖြစ်လာပါပြီ။

play

၁၁ ပွဲဆက်တိုက် ဂိုးသွင်းခဲ့သူ

မန်ယူအသင်းနဲ့ ပွဲစဉ်မှာ အဖွင့်ဂိုးသွင်းနိုင်ခဲ့ပြီးတဲ့နောက် လက်စတာအသင်းရဲ့ တိုက်စစ်မှူးဗာဒီဟာ ပရီးမီးယားလိဂ် သမိုင်းမှာ ၁၁ ပွဲဆက်တိုက်ဂိုးသွင်းနိုင်တဲ့ ပထမဆုံး တိုက်စစ်မှူးအဖြစ် စံချန်တင်နိုင်ခဲ့ပါပြီ။ မန်ယူနည်းပြဟောင်း ဖာဂူဆန်လက်ထက်တုန်းက နစ္စတယ်ရွိုင်းက ပရီးမီးယားလိဂ်မှာ ဆယ်ပွဲဆက်တိုက်ဂိုးသွင်းပြီး ဒီစံချန်ကို ရခဲ့ဖူးပါတယ်။

play

လက်စတာအတွက် အဖွင့်ဂိုးသွင်းနေတဲ့ ဗာဒီ

အခုတော့ တိုက်စစ်မှူးဂျာမီဗာဒီက နစ္စတယ်ရွိုင်းစံချိန်ကို ချိုးဖျက်ကာ ၁၁ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး တိုက်စစ်မှူး ဖြစ်လာခဲ့တာပါ။ လက်ရှိအချိန်ထိတော့ လက်စတာတိုက်စစ်မှူး ဗာဒီဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၁၃ ဂိုးသွင်းထားနိုင်သူ ဖြစ်နေပါတယ်။ ဒီစံချိန်ကို ရဖူးတဲ့ မန်ယူအသင်း တိုက်စစ်မှူးဟောင်းနစ္စတယ်ရွိုင်းကလည်း ဗာဒီဂိုးသွင်းပြီးတာနဲ့ တစ်ပြိုင်နက် လူမှုကွန်ယက်တွစ်တာပေါ်က တဆင့် ချီးကျူးစကား ပြောခဲ့ပါတယ်။

play

နစ္စတယ်ရွိုင်းက ဗာဒီကို ဒီလိုချီးကျူးထားပါတယ်

ဒီစံချိန်နဲ့ ဗာဒီဟာ ထိုက်တန်မှု ရှိပါတယ်လို့ နစ္စတယ်ရွိုင်းက ချီးကျူးခဲ့တာပါ။ ဗာဒီဟာ လက်စတာကို မရောက်ခင်တုန်းက မထင်ရှားတဲ့ အသင်းငယ်လေးတွေမှာသာ ကစားခဲ့ဖူးတာပါ။ ၂၀၁၂ ရောက်မှ ဗာဒီကို လက်စတာက ပေါင် ၁ သန်းနဲ့ ခေါ်ခဲ့ပြီး ဒီရာသီမှာ ဂိုးသွင်းဘုရင် ဖြစ်ဖို့ အခြေအနေကောင်းလာသူ ဖြစ်ပါတယ်။ အခုတော့ ဗာဒီက အင်္ဂလန်လက်ရွေးစင်လည်း ဖြစ်နေပါပြီ။

Source : www.espn.com

Photos :www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ