Sports: မန်ယူနဲ့ လက်စတာ သရေကျခဲ့လို့ အမှတ်ပေးဇယား အပြောင်းအလဲဖြစ်

လက်စတာစီးတီးနဲ့ပွဲမှာ သရေတစ်မှတ်သာ ရခဲ့တဲ့ မန်ယူဟာ အမှတ်ပေးဇယား တတိယနေရာကို ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

play

လက်စတာကို ဦးဆောင်ဂိုး ဒီလိုပေးလိုက်ရတာပါ

လက်စတာစီးတီးနဲ့ပွဲမှာ သရေတစ်မှတ်သာ ရခဲ့တဲ့ မန်ယူဟာ အမှတ်ပေးဇယား တတိယနေရာကို ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ လက်စတာစီးတီးတိုက်စစ်မှူး ဗာဒီရဲ့ ဦးဆောင်ဂိုး ရှဝိန်းစတိုင်ဂါရဲ့ ချေပဂိုးနဲ့ ပြန်လည်ချေဖျက်နိုင်ခဲ့လို့သာ မန်ယူ အရှုံးမတွေ့ခဲ့တာ ဖြစ်ပါတယ်။

play

တိုက်စစ်မှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ရွန်နေး

မန်ယူအသင်းဘက်မှာ ရွန်နေး၊ မာတာ၊ အက်ရှ်လေယန်းနဲ့ မာရှယ်တို့က တိုက်စစ်ကို ဦးဆောင်ခဲ့ပေမယ့် လက်စတာကို ခြိမ်းခြောက်မှုတွေ သိပ်မလုပ်နိုင်ခဲ့ပါဘူး။ အထူးသဖြင့် မာရှယ်နဲ့ ရွန်နေးဦးဆောင်တဲ့ မန်ယူတိုက်စစ်က လက်စတာဂိုးပေါက်ကို တစ်ပွဲလုံးမှာ နှစ်ကြိမ်လောက်ပဲ ထိထိရောက်ရောက် ဦးဆောင်နိုင်ခဲ့လို့ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။

play

အဖွင့်ဂိုးရှင် ဗာဒီ

ပွဲချိန် ၁၄ မိနစ်မှာ အက်ရှ်လေယန်း ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး အဝါကတ်ပြ သတိပေးခံရပါသေးတယ်။ ၂၄ မိနစ်မှာ လက်စတာဂိုးသမား ကတ်စ်ပါရှမိုက်ကယ်က ခရစ္စတီယန်ဖက်ရှ်ကို ဘောလုံးပေးလိုက်ပြီး ဖက်ရှ်က တိုက်စစ်မှူးဗာဒီရဲ့ ပြေးလမ်းကြောင်းထဲကို ဖန်တီးပေးလိုက်တာကတဆင့် ဗာဒီဂိုးဦးဆောင်ဂိုး သွင်းသွားခဲ့တာပါ။ ဒီဂိုးကြောင့် ဗာဒီဟာ စံချိန်သစ်တင်နိုင်ခဲ့တာပါပဲ။ မန်ကစားသမားဟောင်း တင်ခဲ့တဲ့ စံချိန်ဟောင်းကို မန်ယူဘက်ဆီဂိုးသွင်းပြီး စံချိန်သစ်တင်သွားတာကလည်း ထူးခြားပါတယ်။

play

 

ဗာဒီရသွားတဲ့ ဦးဆောင်ဂိုးဟာ မန်ယူနောက်ခံလူ ဒါမီယံရဲ့ ပေါ့ဆပြီး မသေသပ်တဲ့ ကစားပုံကြောင့် ပေးလိုက်ရတာ ဖြစ်ပါတယ်။

play

အောင်ပွဲခံနေတဲ့ လက်စတာစီးတီး

ဒုတိယပိုင်းပြန်စပြီး တစ်မိနစ်အတွင်းမှာပဲ မန်ယူအသင်း ထောင့်ကန်ဘောရခဲ့ပြီး ဒီထောင့်ကန်ဘောတဆင့် ရှဝိန်းစတိုင်ဂါက ခေါင်းတိုက်ချေပဂိုးသွင်းနိုင်ခဲ့ပါတယ်။ ရှိဝိန်းစတိုင်ဂါရဲ့ မန်ယူကစားသမား ပထမဆုံးဂိုးဖဖြစ်တဲ့အပြင် မနှစ်က ဘိုင်ယန်မြူးနစ်နဲ့ မိန့်ဇ်အသင်း ပွဲစဉ်နောက်ပိုင်း ရှဝိန်းစတိုင်ဂါ ပထမဆုံး ဂိုးပြန်သွင်းနိုင်တာဖြစ်ပါတယ်။

play

မန်ယူအတွက် ထောင့်ကန်ဘောကို ချေပဂိုးအဖြစ် ပြောင်းပေးခဲ့တဲ့ ရှဝိန်းစတိုင်ဂါ

play

သရေတစ်မှတ်သာရခဲ့တာကြောင့် တတိယနေရာကို မန်ယူရောက်သွားပါတယ်

နောက်ပိုင်းမှာ ဒီပေးဝင်လာခဲ့ပေမယ့်လည်း မန်ယူရော လက်စတာပါ ဂိုးမသွင်းနိုင်တော့လို့ နိုင်ပွဲရတဲ့ မန်စီးတီးက အမှတ်ပေးဇယားကိုပြန်လည်ဦးဆောင်ခဲ့ပါပြီ။

Source : www.flashscore.com

Photos :www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ