Sports: ဂျာဂန်ကလောရဲ့ လီဗာပူး နိုင်ပွဲ ဆက်မှာလား

, updated

နောက်ဆုံး ၉-ပွဲမှာ တစ်ပွဲပဲ နိုင်ထားတဲ့ ဆွမ်ဆီးရဲ့ ဖိအားတွေအောက်က ရုန်းကန်မှုကို လီဗာပူး ခံစားရတော့မှာပါ။

play

 

ဆွမ်ဆီးကို အိမ်ကွင်းမှာ ဧည့်ခံကစားရမယ့် လီဗာပူးရဲ့ ပွဲစဉ်ကလည်း စိတ်ဝင်စားစရာပါ။ နိုင်ပွဲတွေ မထင်မှတ် ထားလောက်အောင် ဆက်နေတဲ့ လီဗာပူးနဲ့ ရလဒ်တွေ အရမ်းဆိုးရွားနေတဲ့ ဆွမ်ဆီးတို့ရဲ့ ဒီတစ်ပတ် ပွဲစဉ်က အပြောင်းအလဲ တစ်ခုခုများ ဖြစ်လာမလား ဆိုပြီး စောင့်ကြည့်ချင်စရာ ကောင်းပါတယ်။

play

ကော်တင်ဟိုလည်း ဂိုးတွေ သွင်းနေပါတယ်

ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးထားပေမဲ့ ချယ်လ်ဆီးနဲ့ မန်စီးတီးကို နိုင်ထားတဲ့ လီဗာပူးခြေစွမ်းက တဖြည်းဖြည်းနဲ့ အသားကျလာနေပါပြီ။ ဆွမ်ဆီးကတော့ ပရမီးယားလိဂ်မှာ ရှုံးပွဲများနေတာ အတော်ကြာပြီဖြစ်ပြီး နည်းပြဂယ်ရီမန့်ခ်ကလည်း ဖိအားတွေ အတော်များနေပါပြီ။ ဒီ "နှစ်သင်း" နောက်ဆုံး တွေ့ထားတဲ့ ငါးပွဲမှာ လီဗာပူးက သုံးပွဲနိုင်ပြီး ဆွမ်ဆီးက တစ်ပွဲပဲ နိုင်ထားတာကြောင့်လည်း ဒီပွဲမှာ လီဗာပူး အသာရဖို့ ပိုပြီးအခွင့်အလမ်းများနေတယ်လို့ ယူဆနိုင်ပါတယ်။

play

သတိထားရမယ့် ဆွမ်ဆီးတိုက်စစ်မှူး ဂိုမစ်

လီဗာပူးမှာ ကွင်းလယ်လူ လူးကတ်စ် ပွဲပယ်ထိထားလို့ ပါနိုင်မှာမဟုတ်ပဲ တိုက်စစ်မှူး စတာရစ်ခ်ျလည်း ယူရိုပါလိဂ်ပွဲက ဒဏ်ရာကြောင့် မပါနိုင်တော့ပါဘူး။ ဆွမ်ဆီးဘက်မှာတော့ ဒဏ်ရာရပွဲပယ် ပြဿနာထက် ခြေစွမ်းမတည်ငြိမ်တဲ့ ပြဿနာ ဖြစ်နေတာပါ။ ဒီပွဲမှာ ဆွမ်ဆီးတိုက်စစ်မှူး ဂိုမစ် ဂိုးပေါက်တွေ့မလားဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းပါတယ်။

play

မန်စီးတီးနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဖာမီနို

နောက်ဆုံးကိုးပွဲမှာ တစ်ပွဲပဲ နိုင်ထားတဲ့ ဆွမ်ဆီးရဲ့ ရုန်းကန်အားကို လီဗာပူး ရင်ဆိုင်ရမှာပါ။ ဂျာဂန်ကလော့က လီဗာပူးကို စတင်ကိုင်တွယ်တဲ့ အချိန်ကစပြီး အခုထိ တစ်ပွဲပဲ ရှုံးထားပါသေးတယ်။

လီဗာပူးနိုင်မယ်ဆိုရင်တောင် အတော်လေး ခက်ခက်ခဲခဲ နိုင်မယ့်ပွဲ ဖြစ်မယ်လို့ ယူဆနိုင်ပါတယ်။

Source : www.ibtimes.com

Photos : www.dailymial.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ