Sports: စပါး - ချယ်လ်ဆီးပွဲ မတိုင်ခင် သိထားသင့်တဲ့ (၇) ချက်

, updated

စပါးက ဒီပွဲကို မရှုံးခဲ့ဘူးဆိုရင် ၁၃ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန် ရတော့မှာ ဖြစ်ပါတယ်။

play

 

အမှတ်ပေးဇယားထိပ်ပိုင်း အပြောင်းအလဲတွေ ဖြစ်သွားတဲ့ စနေညပွဲစဉ်တွေ ပြီးဆုံးခဲ့ပြီးနောက် တနင်္ဂနွေညမှာ စိတ်ဝင်ဝင်စားစရာ ပွဲတစ်ချို့က ပရိသတ်တွေကို စောင့်ကြိုနေပါသေးတယ်။ အထူးသဖြင့် ဒီရာသီမှာ ရေမြွေလို အဆိပ်မရှိဖြစ်နေတဲ့ လက်ရှိချန်ပီယံချယ်လ်ဆီးနဲ့ ခြေစွာနေတဲ့ စပါးရဲ့ ပွဲစဉ်က ထူးခြားတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာဦးမယ်လို့ ယူဆရပါတယ်။

play

နောဝှစ်ခ်ျနဲ့ ပွဲတုန်းက  အနိုင်ဂိုးကို ကော်စတာဂိုးသွင်းခဲ့တာပါ

ဒဏ်ရာရ ပွဲပယ်စာရင်း

စပါးမှာ အင်္ဂလန်ကွင်းလယ်ကစားသမား အယ်လီ တစ်ပွဲပယ်ခံထားရပါတယ်။ ကိုင်လီဝေါ်ကာ၊ ဒမ်ဘီလီနဲ့ ရို့စ်တို့ ဒီကနေ့ည ပြန်ပါလာဖို့ မျှော်လင့်ရပါတယ်။ လာမီလာနဲ့ ချက်ဒလီတို့တော့ ပါနိုင်ဦးမှာ မဟုတ်ပဘူး။ ချယ်လ်ဆီးမှာနောက် နောက်ခံလူဂျွန်တယ်ရီ မပါနိုင်ဖိ့ သေချာသလောက် ရှိပေါတယ်။ ဖာဘရီဂတ်စ်၊ ဖယ်ကာအိုနဲ့ ဂိုးသမား ကော့တွစ်တို့လည်း မပါဖို့သေချာပါတယ်။

play

ဟယ်ရီကိန်း ဂိုးသွင်းဦးမလား စောင့်ကြည့်ရမှာပါ

ဒီပွဲရဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်ကတော့…….

၁။ စပါးဟာ ဒီရာသီမှာ ၁၃ ပွဲကစားထားပြီးနောက် အမှတ်ပေးချန်ပီယံလောင်းစာရင်းထဲ ဝင်နေတဲ့ အသင်းဖြစ်ပါတယ်။ ၁၃ ပွဲကစားပြီး ရမှတ် ၂၄ မှတ်နဲ့ အဆင့်ငါးနေရာာမှာ ရပ်တည်နေတဲ့ အသင်းဖြစ်လို့ အမှတ်ပေးချန်ပီယံဆု ရနိုင်သေးတဲ့ အသင်းအဖြစ် မော်ရင်ဟိုကတောင် အသိအမှတ် ပြုထားရတာပါ။

၂။ စပါးက ၁၂ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ရထားပါတယ်။ အခု ချယ်လ်ဆီးနဲ့ပွဲမှာလည်း မရှုံးခဲ့ဘူးဆိုရင် ၁၃ ပွဲဆက်တိုက်ရှုံးပွဲမရှိ ဖြစ်လာတော့မှာပါ။

၃။ ဒီရာသီ လန်ဒန်ဒါဘီပွဲတွေအဖြစ် စပါးက အာဆင်နယ်၊ ဝက်စ်ဟမ်းတို့နဲ့ ကစားခဲ့ရာာမှာ ရှုံးပွဲမရှိခဲ့ပါဘူး။ ချယ်လ်ဆီးနဲ့ တတိမြောက် လန်ဒန်ဒါဘီပွဲကို စပါးရင်ဆိုင်တော့မှာပါ။

play

ဟာဇက်ကို စပါးနဲ့တွေ့ရင် ဂိုးသွင်းလေ့ ရှိပါတယ်

၎။ မနှစ်တုန်းက စပါးအိမ်ကွင်းပွဲစဉ်မှာ ချယ်လ်ဆီးက ၅-၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီရာသီတုန်းက ကိုးပွဲ ဆက်တိုက်နိုင်ပွဲပျောက်ပြီးနောက် စပါးအတွက် ပထမဆုံးပြန်ရတဲ့ နိုင်ပွဲပါ။

၅။ စပါးနဲ့ နောက်ဆုံးတွေ့ထားတဲ့ သုံးပွဲမှာ သုံးပွဲလုံး ချယ်လ်ဆီးရဲ့ အီဒင်ဟာဇက်က ဂိုးသွင်းထားနိုင်ပါတယ်။

၆။ ဒီရာသီမှာ ချယ်လ်ဆီးက အဝေးကွင်း ၇ ပွဲကစားပြီးပြီဖြစ်ပြီး တစ်ပွဲသာ နိုင်ထားပါတယ်။ အခု စပါးနဲ့ အဝေးကွင်းမှာ နိုင်ခဲ့ရင်တော့ ဒုတိယမြောက် အဝေးကွင်းနိုင်ပွဲ ဖြစ်လာမှာပါ။

၇။ စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၇ ဂိုးသွင်းထားသူ ဖြစ်ပါတယ်။

Source : www.skysports.com, opta

Photos : www.dailymial.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ