Sports: ဘိုင်ယန်မြူးနစ်ကထွက်ရင် မန်ယူကိုလာဖို့ ပြင်ဆင်နေတဲ့ ဂွါဒီယိုလာ

, updated

ဒီနှစ်ဘောလုံးရာသီပြီးရင် ဂွါဒီယိုလာနဲ့ ဘိုင်ယန်မြူးနစ် ချုပ်ထားတဲ့ စာချုပ်သက်တမ်းက ပြည့်ပြီဖြစ်ပါတယ်။

play

 

ကမ္ဘာ့ထိပ်သီး ဘောလုံးကလပ်တွေ အတော်များများ ခေါ်ယူချင်နေတဲ့ နည်းပြဂွါဒီယိုလာက မန်ယူအသင်းကို လာရောက်နည်းပြဖို့ ဆန္ဒရှိနေတယ်လို့ ဂွါဒီယိုလာနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်တစ်ခုမှ ပြောကြားချက်ကို ကိုးကားပြီး အင်္ဂလန်သတင်းစာတွေက ဖော်ပြကြပါတယ်။

play

ဖာဂူဆန်မရှိတော့တဲ့ နောက်ပိုင်း ဂွါဒီယိုလာဟာ မန်ယူရောက်ဖို့ နာမည်ကြီးလာသူပါ

မန်ယူဟာ လက်ရှိနည်းပြဗန်ဟားလ်မတိုင်ခင်ကတည်းက ဂွါဒီယိုလာကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ တစ်ချိန်တည်းမှာပဲ ဂွါဒီိယိုလာကို မန်စီးတီးအသင်းဘက်က ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ လုပ်နေတာကြောင့် ဘိုင်ယန်မြူးနစ်ကနေ ဂွါဒီယိုလာထွက်ခွာဖို့ဟာ အတော်လေး နီးစပ်လာပါပြီ။ ဘိုင်ယန်းမြူးနစ်နဲ့ ဂွါဒီိယိုလာတို့ ချုပ်ဆိုထားတဲ့ ပရော်ဖက်ရှင်နယ်စာချုပ်က လာမယ့် နွေရာသီရောက်ရင် ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

play

နည်းပြဗန်ဟားလ်ကို မန်ယူက ၂၀၁၇ အထိ စာချုပ်ချုပ်ထားတာပါ

ဘိုင်ယန်မြူးနစ်ဘက်က စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပေမယ့် ဂွါဒီိယိုလာကတော့ လက်မခံသေးဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အပတ်က ကျင်းပခဲ့တဲ့ ဘိုင်ယန်မြူးနစ် နှစ်ပတ်လည် အစည်းအဝေး အပြီးမှာ ဥက္ကဌရမ်မီနစ်ခ်ျက အစားမထိုးနိုင်တဲ့သူဆိုတာ မရှိဘူးဆိုတဲ့ စကားကိုပြောခဲ့လို့ ရာသီကုန်ရင် ဂွါဒီိယိုလာထွက်ဖို့ သေချာသလောက်ရှိသွားပြီလို့ ခန့်မှန်းကြပါတယ်။

play

ရာသီကုန်ရင်တော့ ဂွါဒီယိုလာနဲ့ ဘိုင်ယန်မြူးနစ် လမ်းခွဲကြဖို့ များပါတယ်

မန်ယူက နည်းပြဗန်ဟားလ်နဲ့ ၂၀၁၇ အထိစာချုပ်ရှိထားတာကြောင့် မန်ယူကိုလာရောက်ဖို့ စိတ်ကူးရှိတယ်ဆိုရင် ယခုရာသီအကုန်မှာ ဘိုင်ယန်နဲ့ လမ်းခွဲပြီး တစ်ရာသီလောက် အနားယူဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ဂွါဒီယိုလာနဲ့ နီးစပ်တဲ့ သတင်းအရစ်အမြစ်တစ်ခုရဲ့ ပြောကြားချက်အရ ဂွါဒီယိုလာဟာ အင်္ဂလန်ကို လာရောက်နည်းပြဖို့ အတော်လေးစိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ