Sports: လန်ဒန်ဒါဘီအပြီးမှာ ၁၃ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန် တင်နိုင်ခဲ့တဲ့ စပါး

, updated

မော်ရင်ဟိုရဲ့ ချယ်လ်ဆီးအသင်းက တိုက်စစ်မှူးကော်စတာမပါပဲ စပါးအသင်းကို ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

play

ဟယ်ရီကိန်းရဲ့ နောက်ပြန်ကန်ချက်

တိုက်စစ်မှူးကော်စတာမပါပဲ စပါးကိုရင်ဆိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ဂိုးမရှိသရေ ရလဒ်နဲ့သာ ကျေနပ်လိုက်ရပါတယ်။ တကယ်တမ်းမှာ လက်ရှိချန်ပီယံ ချယ်လ်ဆီးကို ပိုပြီးဖိအားပေးနိုင်ခဲ့တာက အိမ်ရှင် စပါးအသင်းဖြစ်ပြီး ပထမပိုင်းမှာ ချယ်လ်ဆီးအသင်းက စပါးဂိုးပေါက်ကို တစ်ကြိမ်တောင် ခြိမ်းခြောက်နိုင်ခြင်းမရှိခဲ့ပါဘူး။

play

ဟယ်ရီကိန်းရဲ့ ထိုးဖောက်မှု

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကို ဟာဇက်၊ ပက်ဒရို၊ အော်စကာတို့က ဦးဆောင်ခဲ့တာ ဖြစ်ပြီး စပါးဘက်မှာတော့ ဒမ်ဘီလ်၊ အီရစ်ဆင်နဲ့ ဟယ်ရီကိန်းတို့ ပွဲတက်လာတာပါ။ ပွဲစပြီး အစပိုင်းမိနစ်တွေမှာတင် ချယ်လ်ဆီး ခံစစ်က စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို အတော်လေး ထိန်းချုပ်ကစားခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲကိုလည်း အရှုံးမတွေ့အောင် ကစားနိုင်ခဲ့တဲ့အတွက် စပါးကတော့ ပရီးမီးယားလိဂ်မှာ ၁၃ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်ရလာခဲ့ပါပြီ။

play

ပြုံးပြုံးပျော်ပျော် ဖြစ်နေပုံရတဲ့ နည်းပြနှစ်ဦး

ချယ်လ်ဆီးမှာ တယ်ရီမပါနိုင်ခဲ့သလို စပါးအသင်းမှာလည်း အယ်လီနေရာမှာ မေဆွန်ကို ထည့်သွင်းကစားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းဂိုးသမား ဘီဂိုဗစ် လက်စွမ်းပြနေခဲ့လို့သာ ချယ်လ်ဆီး ရှုံးပွဲမတွေ့ခဲ့တာလို့တောင် ဆိုနိုင်ပါတယ်။

play

ပွဲထွက်ပါဝင်လာတဲ့ ချယ်လ်ဆီး ကစားသမား ပက်ဒရို

စပါးနောက်တန်းကို ချယ်လ်ဆီးက အကြိမ်ကြိမ်ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမဲ့လည်း တိုက်စစ်မှူး စစ်စစ်မပါတဲ့ ချယ်လ်ဆီးက ပထမပိုင်းမှာ တစ်ကြိမ်မှ ဂိုးပေါက်တည့်တည့်ကို မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ မိနစ်ကိုးဆယ်လုံးမှာ ချယ်လ်ဆီးက စပါးနောက်တန်းကို တစ်ကြိမ်ပဲ ဂိုးပေါက် ခြိမ်းခြောက်နိုင်ခဲ့တာပါ။

play

အဝါကတ် ပြခံနေရတဲ့ ကိုင်လီဝေါ်လ်ကာ

ပွဲပြီးခါနီးအထိ ဂိုးမရှိသရေ ဖြစ်နေခဲ့ပေမဲ့လည်း မော်ရင်ဟိုကတော့ ကော်စတာကို လုံးဝ ထည့်မသုံးခဲ့ပါဘူး။ ဂိုးမရှိ သရေဖြစ်ပြီးနောက် စပါးကတော့ အဆင့် -၅ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ