AD
AD
AD
play

ဇနီးသည် ပါရီကို သီချင်းဆိုပြနေတဲ့ တိုင်ဆန်ဖူရီ

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ "ကလစ်ခ်ျကို" ကိုအလဲထိုးပြီး ပူပူနွေးနွေး ချန်ပီယံဖြစ်လာတဲ့ တိုင်ဆန်ဖူရီက ချန်ပီယံ ခါးပတ်ရပြီးတဲ့နောက် သူ့ရဲ့ဇနီးသည်ဖြစ်သူကို ပရိသတ်ကြားမှာ သီချင်းဆိုပြခဲ့ပါတယ်။ ဒက်ဆယ်ဒေါဖ်မှာ ကျင်းပတဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ်လုပွဲမှာ ကိုးနှစ်ကြာ ကမ္ဘာ့ချန်ပီယံဘွဲ့ကို ရထားတဲ့ ကလစ်ခ်ျကိုဆီက တိုင်ဆန်ဖူရီက ချန်ပီယံခါးပတ် လွှဲပြောင်း ယူနိုင်ခဲ့တာပါ။

play

အေရိုစမစ်ရဲ့ သီချင်း "I Don't Want To Miss A Thing"

တိုင်ဆန်ဖူရီက သူအနိုင်ရပြီး ချက်ခြင်းပဲ မိုက်ခရိုဖုန်းတောင်းကာ ပရိသတ်ကြားထဲမှာ သူ့ကိုလိုက်အားပေးတဲ့ ဇနီးသည် ဖြစ်သူကို အေရိုစမစ်သ်သီချင်း ဆိုပြခဲ့တာပါ။ အခုဆို တိုင်ဆန်ဖူရီရဲ့ ဇနီးဖြစ်သူက တတိယကိုယ်ဝန်ကိုတောင် လွယ်ထားရပြီ ဖြစ်ပါတယ်။

play

ဖူရီရဲက ကိုယ်ဝန်ဆောင် ဇနီးသည်

တိုင်ဆန်ဖူရီက သူ့ရဲ့ဇနီးဖြစ်သူ ပါရီကို အေရိုစမစ်သ်ရဲ့ “I Don’t Want To Miss A Thing” ဆိုတဲ့ သီချင်းကို ဆိုပြခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဇနီးသည်ပါရီက ဒီပွဲမတိုင်ခင် နှစ်ရက်လောက်အလိုကျမှသာ သူတို့ဇနီးမောင်နှံအတွက် တတိယကိုယ်ဝန်ကို လွယ်ထားရပြီ ဖြစ်ကြောင်း ပြောခဲ့တာလို့ ဖူရီက ပွဲအပြီးမှာပြောခဲ့ပါတယ်။

play

ကလစ်ခ်ျကိုနဲ့ ဖူရီရဲ့ တိုက်ပွဲ

 ဖူရီကတော့ သူဆိုခဲ့တဲ့ သီချင်းဟာ သူ့ရဲ့ဇနီးဖြစ်သူ ပါရီနဲ့ အိုင်ယာလန်က သူ့ပရိတ်သတ်တွေကို ရည်ရွယ်ကြောင်း ပွဲအပြီးမှာ ပြောခဲ့တာပါ။

ှSource & Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD