Sports: ပရီးမီးယားလိဂ် သုံးပွဲဆက်တိုက် နိုင်ပွဲ ရှာမတွေတဲ့ အာဆင်နယ်

, updated

ဒီပွဲသရေကျလိုက်လို့ အာဆင်နယ်ဟာ နိုဝင်ဘာလအတွင်းမှာ နှစ်မှတ်ပဲ ရသေးတဲ့ အသင်းဖြစ်လာပါပြီ

play

 

အမှတ်ပေးဇယားထိပ်ပိုင်းက မန်ယူနဲ့ လက်စတာတို့ သရေတစ်မှတ်စီ ခွဲယူသွားချိန်မှာ အာဆင်နယ်ကလည်း နောဝှစ်ဆီက အခွင့်အရေး မယူနိုင်ခဲ့ဘဲ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပြန်ပါတယ်။ အိုဇေးရဲ့ အဖွင့်ဂိုးနဲ့ ပွဲချိန် ၃၀ မိနစ်မှာ အာဆင်နယ်က နောဝှစ်ခ်ျကို ဦးဆောင်နိုင်ခဲ့ပေမဲ့ ပထမပိုင်း ပြီးခါနီးမှ ပြန်ပေးလိုက်ရတဲ့ ချေပဂိုးကြောင့် သရေတစ်မှတ်သာ ရခဲ့တာဖြစ်ပါတယ်။

play

အိုဇေးက ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် ပြန်ချေပခံလိုက်ရပါတယ်

အာဆင်နယ်က သရေတစ်မှတ်သာရခဲ့ချိန်မှာ တစ်ချိန်တည်းကစားခဲ့တဲ့ လီဗာပူးကတော့ ဆွမ်ဆီးကို ဂျိမ်းစ်မီလ်နာရဲ့ တစ်လုံးတည်းသော ပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ရသွားပါတယ်။ နည်းပြသစ် ဂျာဂန်ကလော့ လက်ထက်မှာ ရလဒ်တွေကောင်းနေတဲ့ စံချိန်ကို လီဗာပူး ဆက်ထိန်းနိုင်ခဲ့တာဖြစ်ပါတယ်။

play

လီဗာပူးကတော့ နိုင်ပွဲဆက်ပြီး အဆင့်-၆ ကိုရောက်လာပါပြီ

ပွဲစဉ် ၁၄ အပြီးမှာ အာဆင်နယ်က မန်ယူနဲ့ တစ်မှတ်အကွာ အဆင့်-၄ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပေမယ့် လီဗာပူးကတော့ အဆင့်-၆ နေရာကိုတောင် တက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်က နောဝှစ်ခ်ျနဲ့ပွဲအတွက် တိုက်စစ်မှူးဂျီရုဒ်၊ ဆန်းချက်ဇ်၊ အိုဇေးနဲ့ ကာဇိုလာတို့ကို ပွဲထုတ်ခဲ့တာပါ။ ၁၁ မိနစ်မှာတင် နောက်ခံလူ ကိုစီယယ်နီ ဒဏ်ရာ ရသွားလို့ ဂါဘရီရယ်နဲ့ လူစားလဲခဲ့ရပါတယ်။ ပွဲချိန် ၃၀ မိနစ်မှာ နောဝှစ်ခ်ျလူပေးမှားမှုကတဆင့် ဆန်းချက်ဇ်ဘောလုံး ရသွားပြီး အိုဇေးဆီ ဖန်တီးပေးလိုက်တာကို အိုဇေးက အမှားအယွင်းမရှိ သွင်းယူသွားတာပါ။

play

ရမ်ဆေးလည်း ဂိုးမသွင်းနိုင်ခဲ့ပါဘူး

ဒါပေမယ့် ပထမပိုင်းပြီးခါနီး မိနစ်ပိုင်းအလိုမှာ နောဝှစ်ခ်ျကစားသမား ဂရက်ဘီက ဂါဘရီရယ်နဲ့ ဘောလုံးယှဉ်လုပြီး သွင်းယူသွားတာ ဖြစ်ပါတယ်။ ဒီဂိုးဟာ ဂါဘရီရယ်မှားယွင်းမှုကြောင့် ပေးလိုက်ရတဲ့ ဂိုးလည်းဖြစ်ပါတယ်။ ဒီပွဲသရေကျလိုက်တာကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး နိုဝင်ဘာလအတွင်းမှာ ၂ မှတ်ပဲရသေးတဲ့ အသင်းဖြစ်လာပါတယ်။

play

ဂျိမ်းစ်မီလ်နာက လီဗာပူးအတွက် ပင်နယ်တီသွင်းခဲ့တာပါ

လီဗာပူးကတော့ ပွဲချိန် ၆၂ မိနစ်မှာ ဆွမ်ဆီးကစားသမား တေလာရဲ့ လက်ထိဘောကြောင့် ပင်နယ်တီ ကန်ခွင့်ရခဲ့ပြီး မီလ်နာက ကန်သွင်းယူလိုက်တာပါ။ ပွဲပြီးခါနီးမှာ လီဗာပူးဂိုးသမား မစ်ဂနိုလက် အချိန်ဆွဲလို့ အဝါကတ် ပြခံလိုက်ရပါသေးတယ်။

Source : www.skysports.com

Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ