Sports: ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဆန်ခါတင် ကစားသမား သုံးဦး

, updated

ဒီနှစ်မှာ ဘာစီလိုနာက မက်ဆီနဲ့ နေမာပါဝင်လာပေမယ့် ဆွာရက်ဇ် ပါဝင်လာခြင်း မရှိတော့ပါဘူး။

play

နေမာ၊ မက်ဆီနဲ့ ရော်နယ်ဒိုတို့က ဒီဆုအတွက် ယှဉ်ပြိုင်ရမှာပါ

၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံးကစားသမားဆု ၂၃ ဦးစာရင်းကနေ နောက်ဆုံးဆန်ခါတင် ၃ ဦးကို ရွေးချယ်လိုက်ပြီးတဲ့နောက် မက်ဆီ၊ ရော်နယ်ဒိုနဲ့ နေမာတို့ ပါဝင်လာပါတယ်။ ဒီနှစ်မှာတော့ နှစ်နှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရထားတဲ့ ရော်နယ်ဒိုက ရေပန်းမစားတော့ဘဲ ဘာစီလိုနာနဲ့ ဖလားသုံးလုံးယူထားတဲ့ မက်ဆီက ဒီဆုရဖို့ ရေပန်းစားလာပါတယ်။

play

မက်ဆီ ဒီတစ်ခါရရင်တော့ ငါးကြိမ်မြောက် ဖြစ်သွားမှာပါ

မက်ဆီနဲ့ ရော်နယ်ဒိုတို့နှစ်ဦးလုံး မနှစ်က ဆန်ခါတင်နောက်ဆုံး စာရင်းမှာ ပါဝင်ခဲ့ပေမယ့် ဒီနှစ်မှ ထူးထူးခြားခြားပါဝင်လာကတော့ မက်ဆီရဲ့ ဘာစီလိုနာ အသင်းဖော် နေမာဖြစ်ပါတယ်။ မနှစ်က ဘာစီလိုနာချန်ပီယံလိဂ်ဖလားရခဲ့ရာမှာ နေမာပါဝင်ကူညီနိုင်ခဲ့ပြီး ဂျူဗင်တပ်နဲ့ ဗိုလ်လုပွဲမှာ သွင်းခဲ့တဲ့ဂိုးအပါအဝင် စုစုပေါင်း ၁၀ ဂိုးသွင်းယူခဲ့သူပါ။

play

နေမာကတော့ ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးပြန်ပါလာပါ

လာလီဂါပြိုင်ပွဲမှာတော့ နေမာက ၂၂ ဂိုးသွင်းနိုင်ခဲ့ပြီး အသင်းဖော်မက်ဆီက ၄၃ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ကစားသမား ရော်န်ဒိုကတော့ ၄၈ ဂိုးသွင်းနိုင်ခဲ့ကာ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ရော်နယ်ဒိုရဲ့ ရီးရဲလ်မက်ဒရစ်က အရေးပါတဲ့ ဖလားတစ်လုံးမှ မရခဲ့ဘဲ ဘာစီလိုနာကသာ ဖလားသုံးလုံးချန်ပီယံ ဖြစ်ခဲ့တာကြောင့် ရော်နယ်ဒိုက ဆုအတွက် ရေပန်းမစားတာဖြစ်ပါတယ်။

play

ရော်နယ်ဒိုဒီနှစ်ဆုရရင် သုံးနှစ်ဆက်တိုက်ရတာ ဖြစ်မှာပါ

"ဘလွန်းဒီအော်" ဆန်ခါတင် နောက်ဆုံး ၃ ဦးစာရင်းမှာ ပရီးမီးယားလိဂ် ကစားသမားတွေ မပါဝင်တာ ခြောက်နှစ်ဆက်တိုက် ရှိသွားပါပြီ။ အင်္ဂလိပ်ကစားသမားတွေ နောက်ဆုံး ဆန်ခါတင် စာရင်းမှာ မပါဝင်တာတော့ ဆယ်နှစ်ရှိသွားပါပြီ။ နောက်ဆုံးဒီစာရင်းထဲပါခဲ့သူက ဖရန့်လမ်းပတ်ဖြစ်ပြီး ၂၀၀၅ ခုနှစ်ကပါ။

play

နောက်ဆုံး ငါးနှစ်ဆက်တိုက် ဆုရစာရင်း

အမျိုးသမီးအကောင်းဆုံး ဘောလုံးသမား ၃ ဦးစာရင်းမှာတော့ အမေရိကန်အသင်းက ကာလီလွိုက်၊ ဂျပန်က မီယာမာနဲ့ ဂျာမနီက ဆာဆစ်တို့ ပါဝင်လာပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ