Sports: ဘတ်စကက်ဘော အကျော်အမော် ကိုဘီဘရိုင်ယန် အနားယူတော့မည်

, updated

NBA ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာတော့ ကိုဘီဘရိုင်ယန်က တတိယမြောက် စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား ဖြစ်ပါတယ်။

play

NBA ချန်ပီယံငါးကြိမ်ရထားပြီး အိုလံပစ်ရွှေတံဆိပ် ဆုရှင်လည်းဖြစ်ပါတယ်

အမေရိကန် NBA ဘတ်စကက်ဘော ဂန္တဝင်ကစားသမားတစ်ဦးလို့ ဆိုရမယ့် ကိုဘီဘရိုင်ယန်ဟာ ဒီနှစ်ဘတ်စကက်ဘော ရာသီပြီးဆုံးရင် အနားယူတော့မယ်လို့ ရုတ်တရက် ကြေငြာလိုက်ပါတယ်။ NBA ဘတ်စကက်ဘော လောကမှာတော့ ကိုဘီဘရိုင်ယန်က ချန်ပီယံငါးကြိမ် ဖြစ်ထားဖူးတဲ့ ကစားသမားပါ။

play

ကိုဘီက အသက်အရွယ်ကြောင့် စွမ်းဆောင်ရည် ကျဆင်းလာပါပြီ

အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ကိုဘီဘရိုင်ယန်က LA Lakers အသင်းနဲ့အတူ နှစ်ပေါင်း ၂၀ ဖြတ်သန်းခဲ့ပြီး အမှတ် သုံးသောင်းနှစ်ထောင့်ခြောက်ရာရှစ်ဆယ့်သုံးမှတ် ရယူပေးခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ မကြာသေးခင် နှစ်တွေက ဒဏ်ရာရသွားခဲ့တဲ့ ကိုဘီဘရိုင်ယန်ဟာ ဒီနှစ်မှာလည်း စွမ်းဆောင်ရည်ကျဆင်းလျက်ရှိပါတယ်။

play

ဒီရာသီမှာလည်း စွမ်းဆောင်ရည်ကျဆင်းလျက်ရှိပါတယ်

အခုချိန်ဟာ ကစားသမားဘဝ အဆုံးသတ်ရမယ့် အချိန်ဆိုတာ သူသိတယ်လို့ ဆိုပါတယ်။ “ကျွန်တော် နှုတ်ဆက်သင့်ပြီလို့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က ပြောနေပြီဗျ” လို့ ဘရိုင်ယန်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ကိုဘီဘရိုင်ယန်ရဲ့ LA Lakers အသင်းနဲ့ နောက်ဆုံးနှုတ်ဆက်ပွဲစဉ်ဟာ လာမယ့် ဧပြီလမှာ ဖြစ်လာတော့မှာပါ။

play

 

ဒေးဗစ်ဘက်ခမ်းရဲ့ ဆုတောင်းစကား

ဒီရာသီမှာလည်း LA Lakers အသင်းဟာ ရလဒ်တွေ ဆိုးရွားလျှက်ရှိပါတယ်။ ဘရိုင်ယန်က ၂၀၀၈ ခုနှစ်မှာ NBA လောကရဲ့ တန်ဖိုးအရှိဆုံး ကစားသမားဆုကို ရခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ သူအနားယူဖို့ အတည်ပြုခဲ့ပေမယ့် နောက်ဘာဆက်လုပ်မယ် ဆိုတာကိုတော့ မပြောသေးပါဘူး။ ဘရိုင်ယန်အနားယူတဲ့အပေါ် ဒေးဗစ်ဘက်ခမ်းနဲ့ ဂျက်စတင်တင်းဘာလိတ် အပါအဝင် နာမည်ကျော်တွေက ဆုတောင်းစကားတွေ ပြောခဲ့ကြပါတယ်။

Source :www.bbc.com

Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ