Sports: ကမ္ဘာ့အကောင်းဆုံး နည်းပြဆု ဘယ်သူဖြစ်မလဲ

ဖလားသုံးလုံး ယူပေးထားတဲ့ ဘာစီလိုနာနည်းပြ အင်းနရစ်ကတော့ ဒီဆုအတွက် ရေပန်းအစားဆုံး ဖြစ်ပါတယ်။

play

ဘာစီလိုနာကို ဖလားသုံးလုံး ယူပေးထားတဲ့ နည်းပြအင်းနရစ်

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက နောက်ဆုံး ဆန်ခါတင် ကစားသမားသုံးကြေငြာတာနဲ့ တစ်ပြိုင်နက်မှာပဲ ကမ္ဘာ့အကောင်းဆုံးဘောလုံးနည်းပြဆုအတွက်လည်း ဆန်ခါတင် သုံးဦးစာရင်း ကြေငြာလိုက်ပါတယ်။

play

ဘိုင်ယန်မြူးနစ် နည်းပြ ဂွါဒီယိုလာ

အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်သုံးဦးစာရင်းမှာ ဘာစီလိုနာနည်းပြ လူးဝစ္စအင်းနရစ်၊ ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာနဲ့ ချီလီအသင်းနည်းပြ ဆန်ပါအိုလီတို့ ပါဝင်လာပါတယ်။ နည်းပြအင်းနရစ်က ဘာစီလိုနာနဲ့အတူ လာလီဂါဖလား၊ ချန်ပီယံလိဂ်ဖလားအပါအဝင် ဖလားသုံးလုံးယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဘာစီလိုနာ နည်းပြဟောင်းဖြစ်တဲ့ ဂွါဒီယိုလာကတော့ ဘိုင်ယန်မြူးနစ်ကို အမှတ်ပေးဖလားရအောင် စွမ်းဆောင် နိုင်ခဲ့သူဖြစ်ပါတယ်။

play

ချီလီကို ကိုပါအမေရိက အောင်မြင်မှု ယူပေးထားတဲ့ ဆမ်ပါအိုလီ

ထူးခြားတာက ချီလီနည်းပြဆမ်ပါအိုလီ ပါဝင်လာတာပါ။ ဆမ်ပါအိုလီရဲ့ စွမ်းဆောင်မှုကလည်း ချီလီကို မှတ်မှတ်ရရ ဖြစ်စေခဲ့ပါတယ်။ ကိုပါအမေရိကပြိုင်ပွဲမှာ ချီလီအသင်းကို ဖလားရအောင် လုပ်ပေးနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးအသင်း စာရင်းမှာ အဆင့်-၃ အထိရောက်လာအောင်ဆွဲတင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

play

မနှစ်ကတော့ ဂျာမနီကို ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့တဲ့ နည်းပြဂျိုအာချင်လို ရထားတာပါ

ဒီဆုအတွက် ရေပန်းအစားဆုံးကတော့ ဖလားသုံးလုံးပိုင်ရှင် လူးဝစ္စအင်းနရစ်ဖြစ်ပြီး ဘာစီလိုနာကို ပထမဆုံး ကိုင်တွယ်တဲ့ ပွဲငါးဆယ်မှာ ၄၂ ပွဲအနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြဖြစ်ပါတယ်။

Source :www.fifa.com

Photos :www.goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ