Sports: ဒဏ်ရာ ပြဿနာတွေကို အေးဆေးပဲလို့ ပြောတဲ့ အာစင်ဝင်းဂါး

, updated

အာဆင်နယ်ရဲ့ ဒဏ်ရာရစာရင်းမှာ အဓိက ကစားသမားတွေ အတော်များများ ပါလာခဲ့ပါပြီ။

play

 

နည်းပြအာစင်ဝင်းဂါးက ဒဏ်ရာပြဿနာတွေကို မစိုးရိမ်ပါဘူးတဲ့

နောဝှစ်ခ်ျနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီးတဲ့နောက် အာဆင်နယ်အသင်းဟာ အားထားရတဲ့ ဆန်းချက်ဇ်နဲ့ ကာဇိုလာတို့ကို ဒဏ်ရာကြောင့် လာမယ့်ပွဲစဉ်တွေမှာ ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။ ဆန်းချက်ဇ်၊ ကာဇိုလာနဲ့ နောက်ခံလူ ကိုစီရယ်နီတို့ဟာ လာမယ့်ကြားရက်အတွင်း ကစားမယ့် အိုလံပီယာကို့စ်နဲ့ အရေးကြီး ချန်ပီယံလိဂ် ပွဲစဉ်ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။  ဒါပေမယ့် နည်းပြအာစင်ဝင်းဂါးကတော့ ဒဏ်ရာပြဿနာတွေကို မစိုးရိမ်ဘူးလို့ ပြောပါတယ်။

play

 

ဆန်းချက်ဇ်က တံကောက်ကြာ ဒဏ်ရာရနေတာဖြစ်ပြီး ကာဇိုလာကတော့ ဒူးခေါင်းဒဏ်ရာ ရသွားတာပါ။ ကိုစီရယ်နီကလည်း နောဝှစ်ခ်ျနဲ့ပွဲမှာ ဒဏ်ရာရသွားလို့ ၁၁ မိနစ်မှာတင် လူစားလဲလိုက်ရပါတယ်။ ဒါပေမယ့် ကိုစီရယ်နီရဲ့ ဒဏ်ရာက သိပ်မပြင်းထန်တဲ့အတွက် လာမယ့်စနေနေ့ ပွဲစဉ်မှာ ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

play

ဆန်းချက်ဇ်ဒဏ်ရာကလည်း ဘယ်လောက်ကြာကြာ နားရမလဲ မသိသေးပါဘူး

ဆန်းချက်ဇ်ရဲ့ ဒဏ်ရာ ဘယ်လောက်ကြာကြာနားရဦးမလဲဆိုတာ မသိသေဘူးလို့ နည်းပြအာစင်ဝင်းဂါးက ပြောပါတယ်။ ဆန်းချက်ဇ်ရဲ့ ဒဏ်ရာအချက်အလက် အသေးစိတ်ကို မကြာခင်သိရဖွယ်ရှိပါတယ်။ အာဆင်နယ်မှာ ဒဏ်ရာရ ကစားသမားတွေ အတော်များနေပြီဖြစ်ပြီး လာမယ့်ပွဲတွေအတွက် ပရိသတ်တွေက စိုးရိမ်နေကြပါတယ်။ နည်းပြအာစင်ဝင်းဂါးကတော့ ဒဏ်ရာပြဿနာတွေကို စိတ်ပျက်ပေမယ့် စိုးရိမ်မှု မရှိဘူးလို့ ဆိုပါတယ်။

play

ကိုစီရယ်နီကတော့ နောက်တပတ် ပြန်ပါနိုင်ချေရှိပါတယ်

ကြံ့ခိုင်မှုသိပ်မပြည့်ပဲ ဒဏ်ရာအသေးစားရှိနေတဲ့ ဆန်းချက်ဇ်ကို နောဝှစ်ခ်ျနဲ့ ပွဲမှာ အရဲစွန့်ပြီး ထည့်သုံးလိုက်တာကလည်း အာစင်ဝင်းဂါးရဲ့ အမှားလို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

Source & Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ