Sports: ဂင်းနစ်စံချိန် တင်သွားတဲ့ တိုက်စစ်မှူး လီဝမ်ဒေါစကီး

လူစားဝင်လာပြီးမှ ၅ ဂိုးသွင်းနိုင်တဲ့သူဆိုတာ လီဝမ်ဒေါစကီး တစ်ဦးသာရှိပါတယ်။

play

 

စံချိန်တင် သွင်းဂိုးတွေ သွင်းယူခဲ့တဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ဂင်းနစ်မှတ်တမ်း တင်အဖွဲ့က ဂင်းနစ်စံချိန်တင် စာရင်းထဲမှာ ထည့်သွင်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဝုလ်ဘတ်အသင်းကို ငါးဂိုးသွင်းခဲ့တာကြောင့်လည်း လီဝမ်ဒေါစကီးက ဂင်းနစ်မှတ်တမ်း ဝင်နိုင်ခဲ့ပါတယ်။

play

 

ဝုလ်ဘတ်အသင်းနဲ့ ပွဲစဉ်မှာ လီဝမ်ဒေါစကီးက ဒုတိယပိုင်းမှာ လူစားဝင်လာပြီးနောက် ၉ မိနစ်အတွင်း ငါးဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ မထင်မှတ်ထားလောက်အောင် ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် လီဝမ်ဒေါစကီးက ဂင်းနစ်စံချိန် လေးခုတင်နိုင်ခဲ့တာပါ။ ဘွန်ဒက်စ်လီဂါမှာ အမြန်ဆုံး ဟစ်ထရစ်ဂိုး၊ အမြန်ဆုံး ငါးဂိုးသွင်းနိုင်တဲ့သူ၊ လူစားဝင်လာပြီးမှ ဂိုးအများဆုံး သွင်းနိုင်ခဲ့သူနဲ့ အမြန်ဆုံး လေးဂိုးသွင်းနိုင်ခဲ့သူ စတဲ့မှတ်တမ်းတွေ ရခဲ့တာ ဖြစ်ပါတယ်။

play

 

ဒီရာသီမှာတော့ လီဝမ်ဒေါစကီးက ၂၅ ပွဲမှာ ၂၆ ဂိုးသွင်းယူထားသူပါ။  ဂင်းနစ်စာအုပ်အတွင်းမှာ စံချိန်တင် စာရင်းသွင်းခံရတာ ဂုဏ်ပြုခံရတာပါပဲလို့ လီဝမ်ဒေါစကီးက သူ့ရဲ့တွစ်တာအကောင့်မှာ ရေးသားထားပါတယ်။

Source & Photos :www.dailymial.co.uk,

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ