Sports: ဝိန်းရွန်နေး စိတ်ပျက်ရတဲ့ ဘောလုံးသမား

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ရွန်နေးမကျေနပ်တဲ့ ကစားသမားက သူ့ရဲ့ အသင်းဖော်ဟောင်း ဖြစ်နေပါတယ်။

 

အားကစားမဂ္ဂဇင်းတစ်ခုနဲ့ အင်တာဗျူးမှာ မန်ယူအသင်းခေါင်းဆောင် ဝိန်းရွန်နေးက သူ့အတွက် စိတ်အပျက်ရဆုံး ကစားသမားတစ်ယောက်ကို ထုတ်ပြောလိုက်ပါတယ်။ ဘယ်သူဖြစ်မယ်လို့ ထင်ပါသလဲ။

 

အခုတော့ မန်ယူအသင်းကစားသမား မဟုတ်တော့တဲ့ ဂိုးသမားလင်ဒီဂတ် ဖြစ်ပါတယ်။ လင်ဒီဂတ်ဟာ အရင်ကတော့ ရွန်နေးရဲ့ အသင်းဖော်ဟောင်းပါ။ ဒါပေမယ့် ရွန်နေးကတော့ လင်ဒီဂတ်ကို မလိုလားပါဘူး။ သူတွဲကစားဖူးတဲ့ ကစားသမားတွေထဲမှာ စိတ်အပျက်အရဆုံး ကစားသမား က လင်ဒီဂတ်လို့ ရွန်နေးက ပြောပါတယ်။ လင်ဒီဂတ်က အခုတော့ ဝက်စ်ဘရွန်းအသင်းမှာ ကစားနေတာပါ။

နောက်တစ်ခါ ရွန်နေးက သူ့ရဲ့အကြိုက်ဆုံး ကစားသမားကို ပြောပြန်ပါတယ်။ ထူးခြားတာက အဲဒီအားကစားသမားဟာ ဘောလုံးသမား မဟုတ်တာပါပဲ။ ရွန်နေးသဘောကျတဲ့ အားကစားသမားဟာ အိုလံပစ်ရွှေတံဆိပ် လေးခုရှင် မိုက်ကယ်ဂျွန်ဆင် ဖြစ်နေပါတယ်။ မိုက်ကယ်ဂျွန်ဆင်က အမေရိကန်တာတို အပြေးသမားဖြစ်ပြီး အခုတော့  အနားယူသွားပါပြီ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ