Sports: မြန်မာနိုင်ငံရဲ့ အဆင့်မြင့်ဆုံး ဂေါက်သီးရိုက် ပြိုင်ပွဲကျင်းပမည်

ပြည်တွင်းမှ နာမည်ကြီး ပရော်ဖက်ရှင်နယ် ဂေါက်သီး ကစားသမားများနှင့် နိုင်ငံတကာကစားသမားများ (၁၀၀) ကျော်တို့မှ ဝင်ရောက် ယှဉ်ပြိုင်သွားကျမည်။

play

 

မြန်မာနိုင်ငံ ဂေါက်သီး အဖွဲ့ချုပ်၊ မြန်မာပီဂျီအေ၊ Asian Tour နှင့်Japan Golf Tour တို့ မှ ပူးပေါင်းကျင်းပသည့် Leopalace 21 Myanmar Open ဂေါက်သီးရိုက်ပြိုင်ပွဲကို ၂၀၁၆ ခုနှစ် ၊ ဖေဖော်ဝါရီလ (၄) ရက်မှ (၇) ရက်နေ့အထိ ရန်ကုန်မြို့ရှိ Royal Mingalar Golf & Country Club ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

play

 

အဆိုပါပြိုင်ပွဲသည် မြန်မာဂေါက်အားကစားလောကတွင် အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်ပြီး ပြည်တွင်းမှ နာမည်ကြီး ပရော်ဖက်ရှင်နယ် ဂေါက်သီး ကစားသမားများနှင့် နိုင်ငံတကာကစားသမားများ (၁၀၀) ကျော်တို့မှ ဝင်ရောက် ယှဉ်ပြိုင်သွားကျမည်ဖြစ်သည်။

မြန်မာ အိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲကို (၁၃) ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ဆုကြေးငွေများအဖြစ် ပထမဆု အမေရိကန်ဒေါ်လာ ၁၃၅,ဝဝဝ အပါအဝင် ဆုကြေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၇၅ဝ,ဝဝဝ ချီးမြှင့်သွားမည်ဖြစ်သည်။

Source: MOI Webportal Myanmar

Photo: www.asiantour.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ