Sports: မန်စီးတီး၊ စတုတ်စီးတီးနဲ့ အဲဗာတန်တို့ လိဂ်ဖလား ဆီမီးဖိုင်နယ် ရောက်ရှိ

ကက်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ်အဆင့်ကို သုံးသင်းတက်ရောက်သွားကြပြီ ဖြစ်ပြီး ဒီကနေ့ညမှာ လီဗာပူးနဲ့ ဆောက်သမ်တန်ပွဲရှိနေပါသေးတယ်။

play

ဒီဘရိုင်း ဂိုးသွင်းနေစဉ်

ကက်ပီတယ်ဝမ်းဖလား ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်တွေ ကစားခဲ့ကြပြီးတဲ့နောက် မန်စီးတီး၊ စတုတ်စီးတီးနဲ့ အဲဗာတန်အသင်းတို့ နောက်တစ်ဆင့် တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ဆောက်သမ်တန်နဲ့ လီဗာပူးပွဲစဉ်ကတော့ ဒီနေ့ည ရောက်မှသာ ကစားကြမှာပါ။

play

အဲဗာတန်ရဲ့ ဂိုးသွင်းရှင် "ဒီလိုဖူ"

မန်စီးတီးက ဟားလ်စီးတီးကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး မန်စီးတီး ကစားသမားဒီဘရိုင်းက ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အဲဗာတန်က မစ်ဒယ်ဘရော့ကို ၂-၀ ဂိုးနဲ့ နိုင်ခဲ့ပြီး လူကာကူနဲ့ ဒီလိုဖူက တစ်ဂိုးစီ သွင်းခဲ့ကြပါတယ်။ စတုတ်စီးတီး အသင်းကလည်း ပထမတန်းကလပ် ရှက်ဖီးလ်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရဲခဲ့ပြန်ပါတယ်။

play

 

ဆီမီးဖိုင်နယ်တက်သွားပြီဖြစ်တဲ့ မန်စီးတီး၊ စတုတ်စီးတီးနဲ့ အဲဗာတန်တို့ဆီကို ဒီကနေ့ည ဆောက်သမ်တန်နဲ့ လီဗာပူးအနိုင်ရတဲ့ အသင်းက ရောက်လာမှာပါ။ ဒါပြီးရင်တော့ ကက်ပီတယ်ဝမ်းဖလား ဆီးမီးဖိုင်နယ် ပွဲစဉ်တွေကို အိမ်ကွင်း၊ အဝေးကွင်းစနစ်နဲ့ ကစားကြမှာပါ။

Source :www.90minutes.com

Photos : www.dailymial.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ