Sports: ဘဏ္ဍာရေး အခက်အခဲကြောင့် မက်ဆီနဲ့ နေမာကို ထုတ်ရောင်းဖို့ နီးစပ်လာ

ဖလားသုံးလုံး ချန်ပီယံဖြစ်ခဲ့ပေမယ့် ဘာစီလိုနာဟာ လုပ်ခများစွာ ပေးရတဲ့အပြင် အပိုဆုကြေးတွေလည်း ပေးရတာကြောင့် အမြတ်ငွေ မရခဲ့ဘူးလို့ ဆိုပါတယ်

play

 

ဘဏ္ဍာရေးပြဿနာမတည်မငြိမ် ဖြစ်နေတာတွေကြောင့် ဘာစီလိုနာအသင်းဟာ အသင်းအဓိက ကစားသမား နှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့နေမာကို ထုတ်ရောင်းရတော့မယ်လို့ ဗြိတိန်သတင်းဌာနတွေက စုံစမ်းရေးသား ဖော်ပြထားထားပါတယ်။ အဓိကပြဿနာကတော့ ကစာသမားတွေရဲ့ လုပ်လစာကို ဘာစီလိုနာက မြင့်မားစွာ ရှင်းပေးနေရတာပဲ ဖြစ်ပါတယ်။

play

 

မက်ဆီ၊ နေမာတို့ရဲ့ လုပ်အားတွေဟာ အလွန်မြင့်မားလျှက်ရှိပြီး ကစားသမားအားလုံးကို ပေးထားရတဲ့ လစာငွေဟာ တစ်နှစ်တာဝင်ငွေရဲ့ ၇၃ ရာခိုင်နှုန်းလောက်ရှိနေပါတယ်။ လက်ရှိ အသင်းအင်္ကျီစပွန်ဆာ ကာတာလေကြောင်းလိုင်းနဲ့ကလည်း စာချုက်သက်တမ်း တစ်နှစ်သာ ကျန်ပါတော့တယ်။ ဒီစပွန်ဆာ စာချုပ် ပြည့်တော့မယ်ယ အချိန်မှာ သက်တမ်းတိုးဖို့လည်း သဘောတူညီချက် မရသေးပါဘူး။

play

မန်စီးတီးရဲ့ ငွေကြေးတောင့်တင်းမှုကလည်း ဘာစီလိုနာက ခြိမ်းခြောက်နေပါတယ်

ဖလားသုံးလုံးအောင်မြင်မှုကို မနှစ်ကရခဲ့သည့်တိုင်အောင် ဘာစီလိုနာအသင်းဟာ အမြတ်ငွေ မရသလောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ချန်ပီယံလိဂ်ဖလား အပါအဝင် ဖလားသုံးလုံး ရခဲ့ပြီးတဲ့နောက် အသင်းက ဘောလုံးသမားတွေအပါအဝင် ဝန်ထမ်းတွေအားလုံကို အပိုဆုကြေးငွေ ပေးချေခဲ့ရလို့ ဖလားရတဲ့ ကုန်ကျစရိတ်ဟာာ ဘာစီလိုနာအတွက် အလွန်များခဲ့တာပါ။

play

မန်ယူကလည်း ဘဏ္ဍာရေး တောင့်တင်းနေတဲ့ အသင်းပါ

ဒီလို ဘဏ္ဍာရေးပြဿနာတွေ ဖြစ်နေတဲ့အတွက် လုပ်ခလစာ အလွန်မြင့်မားစွာ ပေးချေနေရတဲ့ မက်ဆီနဲ့ နေမာတို့ကို ပရီးမီးယားလိဂ်က ငွေကြေးကြွယ်ဝတဲ့ အသင်းတွေထံ လက်လွှတ်ရဖို့ ရှိလာနေပြီလို့ ဆိုပါတယ်။

play

ဖလားသုံးလုံး ရခဲ့ပေမယ့် ဘာစီလိုနာမှာ အမြတ်က မရသလောက် ဖြစ်ခဲ့ရပါတယ်

အထူးသဖြင့် ဘာစီလိုနာမှာ ပြည်ပ ရင်းနှီးမြုပ်နှံမှု မရှိတာကြောင့် ဘဏ္ဍာရေး လိုအပ်ချက် ရှိလာရင် အခက်အခဲ တွေ့လေ့ရှိပါတယ်။ မန်စီးတီး၊ ပီအက်စ်ဂျီတို့လို အသင်းတွေဆီမှာတော့ အရှေ့အလယ်က ရင်းနှီးမြုပ်နှံသူတွေ ရဲ့ ငွေကြေးကို အလုံးအရင်း ရလျှက်ရှိပါတယ်။

Source :www.bleacherreports.com

Photos :www.dailymial.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ