Sports: လက်ဝှေ့ထိုးချင်လို့ မော်ဒယ်ဘဝကို စွန့်လွှတ်ခဲ့သူ

, updated

အောင်မြင်တဲ့ မော်ဒယ်တစ်ဦး ဖြစ်ဖို့ နီးစပ်ခဲ့ပေမယ့် သတ်ပုတ်ရေးသမားတစ်ဦး ဘဝကိုသာ ရွေးချယ်ခဲ့သူ မိန်းမပျိုလေးတစ်ဦး အကြောင်းပါ။

play

 

သတင်းစာမျက်နှာတွေထက်မှာ ပေ့ဂ်ဗန်ဇန့်ဆိုတဲ့ အထက်ပါ အမျိုးသမီးကို တွေ့လိုက်ရင် သူမဟာ မော်ဒယ်တစ်ယောက်လို့ပဲ ယုံကြည်မိမှာပါ။ ဒါပေမယ့် အခုတော့ ဗန်ဇန့်ဟာ မော်ဒယ်တစ်ယောက် မဟုတ်တော့ပါဘူး။

play

တိုက်ခိုက်ရေးသမား တစ်ဦးရဲ့ ရုပ်ရည်မျိုး မဟုတ်ပါဘူး

အံ့သြဖို့ ကောင်းပါတယ်။ ဗန်ဇန့်လို လှလှပပ အမျိုးသမီးငယ်လေးက ကြွကြွရွရွနဲ့ စတိုင်ကျကျ နေထိုင်ရတဲ့ မော်ဒယ်အလုပ်ကို စွန့်လွှတ်ပြီး သတ်ပုတ်တိုက်ခိုက်ရေးသမား တစ်ယောက်ရဲ့ ဘဝကို ခံယူခဲ့သူ ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်ရေးသမား တစ်ယောက်ဖြစ်လာဖို့ မော်ဒယ်ဘဝကိုပါ အပြီးတိုင် စွန့်လွှတ်ခဲ့သူပါ။

play

 

သူမက အသက် ၂၁ နှစ်သာရှိသေးတဲ့ သူမဟာ အရင်က Nike နဲ့ Columbia Sportswear ရဲ့ မော်ဒယ်တစ်ဦး ဖြစ်ခဲ့ပြီး ချောမောတဲ့ ရုပ်ရည်ကြောင့် အောင်မြင်တဲ့ မော်ဒယ်တစ်ဦးဖြစ်ဖို့ လမ်းစပွင့်ခဲ့သူပါ။ ဒါပေမယ့် ဗီဇကို မတွန်းလှန်နိုင်တာကြောင့် တိုက်ခိုက်ရေးသမား တစ်ယောက်ဖြစ်လာပါတော့တယ်။

play

MMA ပြိုင်ပွဲမှာ ၇ပွဲကစားပြီး ၆ ပွဲနိုင်ထားပါတယ်

ငယ်စဉ်ကတည်းက သေနတ်ပစ်တာနဲ့ အမဲလိုက်ရတာကြိုက်သူပါ။ အခုတော့ MMA ပြိုင်ပွဲတွေမှာ ဒီအမေရိကန် အမျိုးသမီးငယ်လေးက ပရော်ဖက်ရှင်နယ် ၇ ပွဲကစားထားပြီး ၆ ပွဲနိုင်ထားလို့ နာမည်ကျော် ဖြစ်နေပါပြီ။

play

 

ှSource : www.wikipedai.org

Photos : www.mmanews.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ