Sports: လီဗာပူး တိုက်စစ်မှူး စတာရစ်ခ်ျ ဒီနေ့ညပွဲမှာ ပြန်ပါနိုင်ပြီ

လီဗာပူးရဲ့ တိုက်စစ်မှူးစတာရစ်ခ်ျနဲ့ ဟန်ဒါဆင်တို့ ဒီကနေ့ည ဆောက်သမ်တန်နဲ့ပွဲမှာ ပြန်ပါနိုင်ပါပြီ။

play

စတာရစ်ခ်ျကတော့ လူစားဝင်ကစားဖို့ ရာခိုင်နှုန်းများနေပါတယ်

ဒီကနေ့ည ဆောက်သမ်တန်နဲ့ ကစားရမယ့် ကက်ပီတယ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ လီဗာပူး အသင်းဘက်က ကွင်းလယ်ကစားသမား ဟန်ဆင်နဲ့ တိုက်စစ်မှူးစတာရစ်ခ်ျတို့ ပြန်ပါလာနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကော်တင်ဟိုကတော့ ဒဏ်ရာကြောင့် ပါနိုင်ဖွယ် မရှိသေးပါဘူး။

ဒါပေမယ့်လည်း ဟန်ဒါဆင်နဲ့ စတာရစ်ခ်ျနှစ်ဦးလုံး ပွဲထွက်စာရင်းမှာ ပါဝင်လာမှာလား လူစားလဲ ကစားသမား  အဖြစ်နဲ့ပဲ အရန်စာရင်းမှာ ရှိနေမှာလားဆိုတာ နည်းပြကလော့က ပြောမထားပါဘူး။

play

ဟန်ဒါဆင်လည်း ပြန်ပါနိုင်ဖို့ များပါတယ်

“သူတို့နှစ်ဦးလုံး ကြံ့ခိုင်ရေး ပြဿနာမရှိပါဘူး။ ဒါသတင်းကောင်းပါပဲ။ ကျွန်တော်တို့အသင်း ရလဒ်ကောင်းအောင် သူတို့ကူညီနိုင်ကြပါလိမ့်မယ်” လို့ နည်းပြဂျာဂန်ကလော့က ပြောခဲ့ပါတယ်။

play

ကော်တင်ဟိုကတော့ ပြန်ပါမလားဆိုတာ မသေချာသေးပါဘူး

ဒီကနေ့ည ကစားမယ့်ပွဲဟာ ကက်ပီတယ်ဝမ်းဖလား ကွာတားဖိုင်နယ် နောက်ဆုံးပွဲစဉ်ဖြစ်ပါတယ်။ မနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီး၊ အဲဗာတန်နဲ့ စတုတ်စီးတီးတို့က အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်မှာ ဖြစ်ပါတယ်။ ဆောက်သမ်တန် - လီဗာပူး အနိုင်ရတဲ့ အသင်းက ဆီမီးဖိုင်နယ်ပွဲစဉ်ကို တက်ရောက်ရမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ