လွန်ခဲ့တဲ့ဆယ်ဆုနှစ်တစ်ခုကာအတွင်း မန်ယူအသင်းမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ဂယ်ရီနဗီးလ်ဟာ အခု ထိပ်တန်းကလပ်တစ်ခုရဲ့ မန်နေဂျာ ဖြစ်လာခဲ့ပါပြီ။ ထူးခြားတာကတော့ ပရီးမီးယားလိဂ်မှာသာ ကစားခဲ့ဖူးတဲ့ ဂယ်ရီနဗီးလ်ရဲ့ ပထမဆုံးအသင်းမန်နေဂျာအလုပ်ဟာ စပိန်မှာ ဖြစ်နေတာပါပဲ။
sky sports ရဲ့ဝေဖန်ရေး အစီအစဉ်မှာ ဂယ်ရီထပ်ပါတော့မှာ မဟုတ်ပါဘူး
စပိန်ကလပ် ဗလန်စီယာအသင်းက မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဆိုတာ ဒီဇင်ဘာ ၂ ရက်နေ့ဖြစ်တဲ့ ဒီနေ့မှာပဲ ကြေငြာလိုက်တာပါ။ ဗလင်စီယာအသင်းက မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်ကို လက်ရှိရာသီကုန်အထိ စာချုပ်ချုပ်ပြီး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။
ဂယ်ရီက အင်္ဂလန်နည်းပြအဖွဲ့ဝင် ဖြစ်ခဲ့သူပါ
ဂယ်ရီနဗီးလ်ဟာ ကလပ်အသင်းတစ်သင်းကို နည်းပြအဖြစ် ပထမဆုံးကိုင်တွယ်ရမှာဖြစ်ပြီး ဒီအရှေ့မှာတော့ အင်္ဂလန်နည်းပြအဖွဲ့ဝင်အဖြစ် အတွေ့အကြုံရှိထားပါတယ်။ ဂယ်ရီနဗီးလ်ရဲ့ညီဖြစ်တဲ့ ဖီးလ်နဗီးလ်ကတော့ ဗလန်စီယာအသင်းမှာ ပြီးခဲ့တဲ့ဇူလိုင်လကတည်းက လက်ထောက်နည်းပြအဖြစ် ရောက်ရှိနေခဲ့တာပါ။
ဗလန်စီယာမှာ ဂယ်ရီရဲ့ညီ ဖီးလ်နဗီးလ်လည်း ရှိပါတယ်
ဗလန်စီယာနည်းပြအလုပ်ကို လက်ခံလိုက်ပြီဖြစ်တဲ့အတွက် ဂယ်ရီနဗီးလ်ဟာ စကိုင်းစပို့တ်ရုပ်သံလိုင်းမှာ အားကစားသုံးသပ်သူအဖြစ် ဆက်ရှိမှာ မဟုတ်တော့ပါဘူး။ ချက်ချင်းဆိုသလို အသင်းဟောင်း မန်ယူကလည်း နည်းပြသစ်ဖြစ်လာတဲ့ ဂယ်ရီကို စပိန်မှာအောင်မြင်ဖို့ ဆုတောင်းစကား ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။
Source : www.telegraph.co.uk
Photos : www.dailymial.co.uk