Sports: ဆောက်သမ်တန်ကို လီဗာပူး ခြောက်ဂိုးသွင်း

ဒဏ်ရာက ပြန်သက်သာလာတဲ့ စတာရစ်ခ်ျက ဒီပွဲမှာ နှစ်ဂိုးသွင်းနိုင်ခဲ့ပြန်ပါတယ်။

play

ကက်ပီတယ်ဝမ်းဖလား ကွာတားဖိုင်နယ် နောက်ဆုံးပွဲမှာ  ဆောက်သမ်တန်ကို ခြောက်ဂိုးသွင်းခဲ့ပြီးနောက် လီဗာပူးအသင်းက ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါပြီ။ ဒီနေ့ပွဲထွက်စာရင်းမှာ ပြန်လည်ပါဝင်လာတဲ့ တိုက်စစ်မှူး စတာရစ်ခ်ျက နှစ်ဂိုးသွင်းခဲ့ပါသေးတယ်။

play

လီဗာပူးအတွက် ဒုတိယဂိုးသွင်းနေတဲ့ စတာရစ်ခ်ျ

ပွဲအစ ၁ မိနစ်မှာတင် အိမ်ရှင်ဆောက်သမ်တန်အသင်းက မန်နေးရဲ့သွင်းဂိုးနဲ့ ဦးဆောင်ခဲ့လို့ လီဗာပူးအသင်း အခက်တွေ့ခဲ့ရတာပါ။ ဒါပေမယ့် ၂၅ မိနစ်နဲ့ ၂၉ မိနစ်မှာ လီဗာပူးအသင်းရဲ့ တိုက်စစ်မှူး စတာရစ်ခ်ျက ၂ ဂိုးဆက်တိုက် သွင်းနိုင်ခဲ့လို့ ဆောက်သမ်တန်ကို တစ်ခါပြန်ပြီး ဦးဆောင်နိုင်ခဲ့တာပါ။

play

 

အသင်းအတွက် ဟက်ထရစ်ဂိုးရှင် အိုရီဂျီ

လီဗာပူးနဲ့အတူ ၇၃ ပွဲကစားပြီး ၄၄ ဂိုးသွင်းနိုင်တဲ့သူဟာ စတာရစ်ခ်ျဖြစ်လာခဲ့ပါပြီ။ လီဗာပူးရဲ့ အိုရီဂျီက ပထမပိုင်း ပြီးခါနီးမှာ တစ်ဂိုးသွင်းပြီး ဒုတိယပိုင်း ၆၈ မိနစ်မှာ တစ်ဂိုးထပ်သွင်းလို့ ဆောက်သမ်တန်ကစားပုံ ပြိုလဲသွားခဲ့ရပါတယ်။ အီဘီက ၇၃ မိနစ်မှာ တစ်ဂိုးထပ်သွင်းပြီး အိုရီဂျီကပဲ ပွဲပြီးခါနီးမှာ တစ်ဂိုးထပ်သွင်းခဲ့လို့ ဆောက်သမ်တန် ဝက်ဝက်ကွဲ ရှုံးခဲ့ပါတယ်။

ဆီမီးဖိုင်နယ်မှာ လီဗာပူးနဲ့ စတုတ်စီးတီးတွေ့ရမှာဖြစ်ပြီး အဲဗာတန်နဲ့ မန်စီးတီးတွေ့ကြရတော့မှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ