Sports: ဖီဖာထိပ်တန်း အရာရှိနှစ်ဦး လာဘ်စားမှုဖြင့် ထပ်မံအဖမ်းခံရ

လာဘ်စားမှုကြောင့် ထိပ်တန်း အရာရှိနှစ်ဦးကို ဖမ်းဆီးထားတယ်ဆိုတာ အတည်ပြုချက်ရပေမယ့် ဘယ်သူတွေလဲဆိုတာ အတည်မပြုရသေးပါဘူး။

ဇူးရစ်က ဟိုတယ်မှာ မနက်အစောပိုင်း ဝင်ရောက်ဖမ်းဆီ်းခဲ့တာပါ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ထိပ်တန်းအရာရှိနှစ်ဦးကို ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့ မနက်အစောပိုင်းမှာပဲ ဇူးရစ်မှာ ဖမ်းဆီးလိုက်ပြီလို့ သိရပါတယ်။ ဒေါ်လာသန်းပေါင်းများစွာ လာဘ်စားခဲ့တဲ့  ထိပ်သီးအရာရှိ နှစ်ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဘယ်သူတွေ အဖမ်းခံရလဲ ဆိုတာ အတည်ပြုမပေးသေးပါဘူး

ဇူးရစ်မြို့က နာမည်ကျော်ဇိမ်ခံဟိုတယ်ဖြစ်တဲ့ Baur au Lac ဟိုတယ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပြီး အဲဒီဟိုတယ်မှာပဲ လွန်ခဲ့တဲ့ မေလတုန်းက ဖီဖာထိပ်တန်းအရာရှိတွေ အဖမ်းခံရပြန်ပါသေးတယ်။ ဖီဖာအမှုဆောင် အစည်းအဝေး နှစ်ရက်တာ ကျင်းပခဲ့ပြီးတဲ့နောက် အမေရိကန်တရားရေးဝန်ကြီးဌာနနဲ့ အတူ မသမာမှုတွေကို ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

 

အမေရိကန်စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက ဆွစ်ဇာလန်ရဲ့တရားဥပဒေအရ ဖီဖာတာဝန်ရှိသူတွေကို ဖမ်းဆီးစစ်ဆေးမှာ ဖြစ်ပါတယ်။

ဘယ်သူအဖမ်းခံရတာလဲဆိုတာ နာမည်အတိအကျကို ဆွစ်ဇာလန်အာဏာပိုင်တွေက ထုတ်မပြောထားသေးပါဘူး။ အခုဖမ်းဆီးထားတဲ့သူတွေဟာ ကမ္ဘာ့ဘောလုံးပြိုင်ပွဲတွေကို နိုင်ငံရွေးချယ်ကျင်းပရေးနဲ့ ဈေးကွက်မူပိုင်ခွင့် ကိစ္စတွေမှာ လာဘ်ငွေယူခဲ့တာကြောင့် ဖြစ်တယ်လို့တော့ အတည်ပြုထားပါတယ်။

Source & Photos :www.bbc.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ