Sports: ဝက်စ်ဟမ်းနဲ့ပွဲ ရလဒ် မကောင်းမှာ စိုးရိမ်နေရတဲ့ မန်ယူ

ဒီရာသီမှာ ဝက်စ်ဟမ်းက အသင်းကြီးအားလုံးနိုင်ထားတယ်ဆိုတဲ့ စံချိန်ရှိတာကြောင့် မန်ယူက ဝက်စ်ဟမ်းကို ရှုံးမှာ ပရိသတ်တွေ စိုးရိမ်နေရပါတယ်။

play

 

စိုးရိမ်ပူပန်မှုတွေ ရှိနေပါပြီ။ မန်ယူအသင်းအတွက် ရလဒ်ကောင်း ထွက်မလာဖို့ လုံလောက်တဲ့ အကြောင်းပြချက်ကလည်း ရှိနေတာကြောင့် မန်ယူပရိသတ်တွေ စိုးရိမ် နေရတာ ဖြစ်ပါတယ်။

မန်ယူအသင်းရင်ဆိုင်ရမယ့် ဝက်စ်ဟမ်းဟာ အရှေ့က ပွဲစဉ်တွေမှာ အသင်းကြီးတွေ အားလုံးကိုအနိုင်ယူထားတဲ့ အသင်းဖြစ်နေတာကြောင့် မန်ယူရလဒ်မကောင်းနိုင်ဘူးဆိုပြီး ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။

play

 

ဝက်စ်ဟမ်းအနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်အသင်းကြီးတွေစာရင်းကိုကြည့်လိုက်ပါဦး။

အာဆင်နယ် ၀-၂ ဝက်စ်ဟမ်း

လီဗာပူး ၀-၃ ဝက်စ်ဟမ်း

မန်စီးတီး ၁-၂ ဝက်စ်ဟမ်း

ဝက်စ်ဟမ်း ၂-၁ ချယ်လ်ဆီး ဆိုတဲ့ ရလဒ်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ အာဆင်နယ်၊ လီဗာပူး၊ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းလေးသင်းကို တစ်ရာသီတည်းမှာ အနိုင်ရယူနိုင်တဲ့အသင်းဆိုတာ ပရီးမီးယားလိဂ် သမိုင်းမှာတော့ ဝက်စ်ဟမ်းတစ်သင်းတည်းသာ ရှိပါသေးတယ်။

play

 

ဒါပေမယ့် မန်ယူအသင်းဘက်မှာလည်း ဝက်စမ်းဟမ်းနဲ့ ပတ်သတ်လာရင် စံချိန်ကောာင်း တစ်ချို့ရှိပါတယ်။ အသင်းခေါင်းဆောင်ရွန်နေးက ဝက်စ်ဟမ်းဘက်ကို ၁၁ ဂိုးသွင်းယူဖူးပြီး နောက်ဆုံးတွေ့ထားတဲ့ သုံးပွဲမှာ သုံးပွဲလုံး ဂိုးသွင်းထားသူပါ။

ဒီတော့ လာမယ့်စနေနေ့မှာ အသင်းကြီးတွေကို ပညာပြနေတဲ့ ဝက်စ်ဟမ်းပဲ စံချိန်ကောင်းထပ်ရမလား၊ ထုံစံအတိုင်း ရွန်နေးကဝက်စ်ဟမ်းကို ဂိုးသွင်းဦးမှာလား ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရပါတော့မယ်။

Source : www.socccerway.com

Photos : www.dailymail.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ