Sports: ရီးရဲလ်မက်ဒရစ်ရဲ့ အရှက်ရဖွယ် လုပ်ရပ်

ပွဲပယ်ပြစ်ဒဏ်ကျခံထားရတဲ့ ကစားသမားကို ရီးရဲလ်မက်ဒရစ်က စပိန်ဘုရင့်ဖလား ပြိုင်ပွဲမှာ ထည့်သုံးမိခဲ့တာပါ။

play

 

စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာ တရားမဝင်ကစားသမား ထည့်သွင်းအသုံးပြုခဲ့တဲ့အတွက် ရီးရဲလ်မက်ဒရစ်ဟာ အနိုင်ရပေမယ့်လည်း ပြိုင်ပွဲက နုတ်ထွက်ရတော့မှာ ဖြစ်ပါတယ်။ ကာဒစ်ဇ်ကို အနိုင်ရခဲ့တဲ့ စပိန်ဘုရင့်ဖလား ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

အဲဒီပွဲစဉ်မှာ ရုရှားကစားသမား ဒင်းနစ်ချယ်ရီရှက်ဗ်ကို ရီးရဲလ်မက်ဒရစ်က ထည့်ကစားခဲ့လို့ ပြိုင်ပွဲက နုတ်ထွက်ရတော့မှာ ဖြစ်ပါတယ်။ ရှက်ဗ်ကအဲဒီပွဲမှာ တစ်ဂိုးသွင်းယူခဲ့သူလည်းဖြစ်ပါတယ်။ ရှက်ဗ်ကို ပြီးခဲ့တဲ့ ရာသီတုန်းက ဗီလာရီးရဲလ်အသင်းမှာ ရီးရဲလ်မက်ဒရစ်က အငှားချခဲ့တာဖြစ်ပြီး ဗီလာရီးရဲလ်နဲ့ ကစားခဲ့စဉ်တုန်းက ရှက်ဗ်ဟာ စပိန်ဘုရင့်ဖလား ပြိုင်ပွဲမှာ အဝါကတ်သုံးခါထိခဲ့သူ ဖြစ်ပါတယ်။

play

 

စည်းမျဉ်းအရ ဘယ်အသင်းကို ပြောင်းလာသည်ဖြစ်စေ ပြိုင်ပွဲရဲ့ အဝါကတ်ပြစ်ဒဏ်က ကစားသမားပေါ် သက်ရောက်နေမှာပါ။ ဒါကြောင့် ပွဲပယ်ပြစ်ဒဏ်ချထားတဲ့ ရှက်ဗ်ကို ရီးရဲလ်မက်ဒရစ်က ထည့်သုံးလိုက်သလို ဖြစ်သွားပါတယ်။

play

 

ပွဲမတိုင်ခင်မှာ စပိန်ဘောလုံးအဖွဲ့ချုပ်က သတိပေးခဲ့ဘူးဆိုပြီး ရီးရဲလ်မက်ဒရစ်ကတော့ အပြစ်လွှဲချပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ဟာ ဒဏ်ငွေလည်း ဆောင်ရတော့မှာပါ။ ရီးရဲလ်ကတော့ အယူခံ ဝင်ဖို့ ရှိနေပါတယ်။

Source : www.sportsnbc.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ