Sports: ဝက်စ်ဟမ်းနဲ့ပွဲမှာ မန်ယူအသင်း ခေါင်းဆောင် ရွန်နေး မပါနိုင်တော့

လက်စ်တာနဲ့ပွဲမှာ ရခဲ့တဲ့ဒဏ်ရာက အရှင်းမပျောက်သေးတာကြောင့် ရွန်နေးဟာ ဝက်စ်ဟမ်နဲ့ပွဲကို လွဲတော့မှာ ဖြစ်ပါတယ်။

play

 

ဝက်စ်ဟမ်းနဲ့ ဒီကနေ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ မန်ယူအသင်းခေါင်းဆောင် ရွန်နေးပါနိုင်တော့မှာ မဟုတ်ဘူးလို့ အသင်းနည်းပြဗန်ဟားလ်ကအတည်ပြုလိုက်ပါပြီ။ လက်စ်တာနဲ့ပွဲမှာ ဒဏ်ရာရသွားတဲ့ ရွန်နေးဟာ တစ်ပတ်လောက်နားရမှာဖြစ်လို့ လာမယ့်ကြားရက်မှာ အရေးကြီးတဲ့ ဝုလ်ဘတ်နဲ့  လွဲချော်တော့မှာ ဖြစ်ပါတယ်။

play

 

မန်ယူအသင်းမှာ ရွန်နေးအပြင် နောက်ခံလူ ရိုဟိုလည်း ပါနိုင်မှာမဟုတ်ပါဘူး။ ရိုဟိုကတော့ လေ့ကျင့်ရေးကွင်းမှာ ပုခုံးဒဏ်ရာ ရသွာလို့ပါ။ မန်ယူအသင်းမှာ လုခ်ရှောလည်း ဒဏ်ရာကြောင့် နားနေရတာ အတော်ကြပြီဖြစ်ပြီး အခုလုခ်ရှောနေရာ ကစားနေတဲ့ ရိုဟိုပါ ဒဏ်ရာထပ်ရသွားတာကြောင့် အခက်တွေ့ပြီလို့ နည်းပြဗန်ဟားလ်က ဝန်ခံထားပါတယ်။

play

လေ့ကျင့်ရေးကွင်းမှာ ရိုဟိုက ဒဏ်ရာရခဲ့တာပါ

ရွန်နေးဒဏ်ရာက သိပ်မပြင်းထန်ပေမယ့် ကစားဖို့ မဖြစ်နိုင်သေးတာကြောင့် အနားပေးထားတာဖြစ်ပါတယ်။ ရွန်နေးသာ ဝက်စ်ဟမ်းနဲ့ပွဲကစားခွင့် ရခဲ့မယ်ဆိုရင် သူ့အတွက် မန်ယူနဲ့ပွဲ ၅၀၀ မြောက်ပွဲထွက် ကစားတဲ့ပွဲ ဖြစ်လာတော့မှာပါ။ အခုတေ့ ပွဲ ၅၀၀ ပြည့်ဖို့ ဒဏ်ရာပြန်ကောင်းတဲ့အချိန် စောင့်ရပါဦးမယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ