Sports: ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ ပွဲအကြို ရင်ခုန်သံ

ဒီတပတ်မှာလည်း အသင်းကြီးတွေ ရလဒ်ကောင်းဖို့ ခက်ခက်ခဲခဲ ရုန်းကန်ကြရမယ် ထင်ပါတယ်။

 

လာမယ့်တစ်ပတ်ကြားရက်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲရှိတာကြောင့် ဒီဇင်ဘာ ၅ ရက်နေ့ဖြစ်တဲ့ ဒီကနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အတော်များများ ကစားကြမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ချန်ပီယံလိဂ် ကစားရမယ့် အသင်းကြီးတွေအားလုံး ဒီကနေ့ ကစားရမှာပါ။ ဘယ်အသင်းတွေ ရလဒ်ကောင်းနိုင်ပြီး၊ ဘယ်အသင်းတွေ ခြေချော်နိုင်မလဲဆိုတာ သုံးသပ်ပေးထားပါတယ်။

စတုတ်စီးတီး - မန်စီးတီး

စတုတ်စီးတီးအိမ်ကွင်းမှာဆိုရင် မန်စီးတီးရလဒ်ကောင်းလေ့သိပ်မရှိပါဘူး။ အသင်းခေါင်းဆောင် ကွန်ပနီ၊ ဇာဘလက်တာ၊ အဂူရိုနဲ့ ဂျိုးဟတ်၊ နာဆရီတို့ မပါနိုင်သေးတဲ့ မန်စီးတီးက စတုတ်စီးတီးကို သရေလောက်ပဲ ကစားနိုင်မယ် ထင်ပါတယ်။

မန်ယူ - ဝက်စ်ဟမ်း

ဒီရာသီမှာ အသင်းကြီးတွေအားလုံးကို နိုင်ထားတဲ့ ဝက်စ်ဟမ်းက မန်ယူကို နိုင်ဦးမလားဆိုတာ စိတ်ဝင်စားစရာပါ။ မန်ယူမှာ ရိုဟိုနဲ့ ရွန်နေး ပါနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဝက်စ်ဟမ်းနဲ့ နောက်ဆုံး ၁၃ ကြိမ်တွေ့ရာမှာ တစ်ခါမှမရှုံးဖူးတဲ့ မန်ယူဒီတစ်ခါလည်း နိုင်ဦးမယ် ထင်ပါတယ်။

ဆွမ်ဆီး - လက်စ်တာ

ဆွမ်ဆီးက နောက်ဆုံးလေးပွဲနိုင်ပွဲပျောက်လို့ ဖိအားတွေပိုနေပါတယ်။ လက်စ်တာက ရလဒ်ကောင်းနေပေမယ့် ခံစစ်အတော်လေးညံ့နေတာပါ။ လက်စ်တာအတွက် အများဆုံး သရေလောက်ပဲ ယူနိုင်မယ်ထင်ပါတယ်။

 

ဝက်စ်ဘရွန်း - စပါး

စပါးက ဒီရာသီမှာ တစ်ပွဲပဲရှုံးထားပြီးခြေစွာနေတဲ့ အသင်းပါ။ စပါးဟာ ခံစစ်ကျစ်လစ်ပါတယ်။ ဒါပေမယ့်လည်း ဝက်စ်ဘရွန်းက မကြာသေးခင်ကမှ အာဆင်နယ်ကို နိုင်ထားတဲ့ အသင်းပါ။ သရေကသွားနိုင်တဲ့ ပွဲဖြစ်ပါတယ်။

အာဆင်နယ် - ဆန်းဒါးလန်း

ပရီးမီးယားလိဂ်မှာ သုံးပွဲဆက်တိုက်နိုင်ပွဲပျောက်နေတဲ့ အာဆင်နယ် ဒီပွဲတော့ နိုင်လောက်ပြီလို့ တွေးချင်စရာပါ။ ဒါပေမယ့် ဆန်းဒါးလန်း ခြေပြန်တက်ပြီး နိုင်ပွဲတွေ ဆက်နေတာ မေ့လို့မရပါဘူး။ အာဆင်နယ်အိမ်ကွင်းဖြစ်ပေမယ့် တစ်ဂိုးလောက်နဲ့ပဲ ကပ်နိုင်မယ်ထင်ပါတယ်။

ချယ်လ်ဆီး - ဘုန်းမောက်

ခြေပြန်မှန်လာနေပြီး ရလဒ်ပြန်ကောင်းလာနေတဲ့ ချယ်လ်ဆီးက ဘုန်းမောက်နဲ့ ရင်ဆိုင်ရမှာပါ။ ချယ်လ်ဆီးမှာ တိုက်စစ်ပြဿနာရှိနေဆဲ ဆိုပေမယ့် ဒီတစ်ပွဲတော့ ဘုန်းမောက်ကို ရာနှုန်းပြည့် နိုင်မယ်လို့ ယူဆရပါတယ်။

Source : www.soccerway.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ