Sports: ပရီးမီးယားလိဂ် မကြည့်ခင် သိထားသင့်တဲ့ အချက် (၄)ချက်

ဒီတပတ် ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ကိုမကြည့်ခင် ပရိသတ်တွေ သိထားသ့်တဲ့ အချက်(၅) ချက်ကို ဖော်ပြပေးထားပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အရေးကြီးတဲ့အချိန်ကို ရောက်လာပါပြီ။ ပွဲစဉ် ၁၅ အထိတောင်ရောက်လာပြီဆိုတော့ ဖလားယူမယ့် အသင်းနဲ့ တန်းမဆင်းရဖို့ ရုန်းကန်ရမယ့်အသင်းတွေလည်း ခန့်မှန်းလို့ ရသင့်သလောက် ရနေပြီ ဖြစ်ပါတယ်။ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲတွေ မကြည့်ခင်မှာရော ဘာတွေ သိထားသင့်လဲဆိုတာ အောက်မှာ ဆက်လေ့လာလိုက်ပါဦး။

လက်စ်တာစီးတီး ရလဒ်ဆက်ကောင်း ဦးမှာလား

play

 

ရလဒ်တွေသိပ်ကောင်းနေပြီး အမှတ်ပေးဇယားအဆင့် ၂ နေရာရောက်နေတဲ့ လက်စ်တာက အခု ဆွမ်ဆီးနဲ့ ကစားရမှာပါ။ ဆွမ်ဆီးကလည်း ရာသီအစ အဖွင့်ကောင်းပေမယ့် နောက်တော့ ခြေပျက်သွားပြီး အခု အဆင့် ၁၅ နေရာရောက်နေတာပါ။ ဒီပွဲရှုံးရင် တန်းဆင်းဇုန်နား ရောက်သွားနိုင်လို့ နောက်ဆုံးလေးပွဲဆက် အနိုင်မပေါ်တဲ့ ဆွမ်ဆီး လက်စ်တာကို နိုင်ပွဲရမလားဆိုတာ စိတ်ဝင်စားစရာပါ။

အာဆင်နယ်အမှတ်ခွဲပေးဦးမှာလား

play

 

အာဆင်နယ်က ပရီးမီးယားလိဂ်မှာ နိုင်ပွဲပျောက်နေတာ သုံးပွဲရှိပါပြီ။ ဆန်းဒါးလန်းကတော့ နိုင်ပွဲတွေ ပြန်ဆက်လာပြီး အခု တန်းဆင်းဇုန်အပေါ်ကို ရောက်လာတာပါ။ ကာဇိုလာနဲ့ ဆန်းချက်ဇ်တို့ မပါနိုင်ပဲ ဒဏ်ရာပြဿနာ များနေတဲ့ အာဆင်နယ်က ခြေပြန်တက်နေတဲ့ ဆန်းဒါးလန်းကို အမှတ်ခွဲပေးရဖို့ ဖြစ်သွားနိုင်ပါတယ်။ ကြားရက်မှာလည်း အာဆင်နယ်က ချန်ပီယံလိဂ်အရေးကြီးပွဲစဉ် ကစားဖို့ ရှိနေပါသေးတယ်။

ခြေမှန်နေတဲ့ ချယ်လ်ဆီး နိုင်ပွဲဆက်မှာလား

play

 

ချယ်လ်ဆီးကတော့ တဖြည်းဖြည်း အပေါ်ကို ပြန်တက်လာပါပြီ။ စပါးကိုသရေကျ၊ နောဝှစ်ခ်ျကို အနိုင်ကစားခဲ့ပြီးတဲ့နောက် အခု အမှတ်ပေးဇယား အဆင့် ၁၄ နေရာရောက်လာပါပြီ။ ဒီကနေ့ည ကစားရမှာ ဘုန်းမောက်နဲ့ပါ။ ဘုန်းမောက်က စက်တင်ဘာလကတည်းက နိုင်ပွဲမရတာ အခုထိပါပဲ။ ချယ်လ်ဆီး အဆင့်တက်လာဦးမယ်လို့ ယူဆရပါတယ်။

မန်ယူကို ဝက်စ်ဟမ်း နိုင်ဦးမှာလား

play

 

ဒီရာသီမှာ အာဆင်နယ်၊ ချယ်လ်ဆီး၊ မန်စီးတီးနဲ့ လီဗာပူးတို့ကို နိုင်ထားတာ ဝက်စ်ဟမ်းတစ်သင်းတည်း ရှိပါတယ်။ အခုတော့ မန်ယူအလှည့်ကို ရောက်လာပါပြီ။ အသင်းကြီးတွေကိုနိုင်တဲ့စံချိန် ဝက်စ်ဟမ်း ထပ်တင်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။ ဝက်စ်ဟမ်းကို ဂိုးသွင်းနေကျ ရွန်နေးလည်းမပါနိုင်တော့ မန်ယူ ရလဒ်ကောင်းဖို့ ရုန်းကန်ရနိုင်ပါတယ်။

Source :www.sportsnbc.com

Photos :www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ