Sports: စတုတ်စီးတီးကို မန်စီးတီး တစ်ဂိုးမှ ပြန်မသွင်းနိုင်ပဲ ရှုံးနိမ့်

အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးကို ပထမပိုင်းသွင်းဂိုးနှစ်ဂိုးနဲ့ စတုတ်စီးတီးက အနိုင်ယူလိုက်တာပါ။

play

 

စတုတ်စီးတီးအသင်းဟာ အာနောက်တိုဗစ်ရဲ့ ပထမပသွင်းဂိုးနှစ်ဂိုးနဲ့ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးကို အနိုင်လိုက်ခဲ့ပြီဖြစ်ပါတယ်။ စတုတ်စီးတီးအသင်းဟာ အိမ်ကွင်းမှာဆိုရင် မန်စီးတီးကို ဒုက္ခပေးနေကြ အစဉ်အလာအတုင်း အနိုင်ယူလိုက်တာ ဖြစ်ပါတယ်။

အင်တာမီလန်တိုက်စစ်မှူးဟောင်းဖြစ်တဲ့ အာနောက်တိုဗစ်က ဒီနေ့ပွဲစဉ်မှာ ကွင်းလယ်ကစားသမား ရှာကီရီ၊ ဘိုဂျန်စတဲ့ကစားသမားတွေနဲ့ အတွဲညီညီကစားသွားခဲ့ပြီ အိမ်ရှင်အသင်းအတွက် နိုင်ပွဲယူပေးနိုင်ခဲ့တာပါ။ မန်စီးတီးဘက်က တိုက်စစ်မှူးဘိုနီနဲ့ ဒီဘရိုင်း၊ ဆေးလ်ဗားတို့ တိုက်စစ်ကို ဦးဆောင်ခဲ့ပေမယ့်လည်း စတုတ်စီးတီးကို တစ်ဂိုးမှ မသွင်းနိုင်ခဲ့ပါဘူး။

play

 

 ပွဲချိန် ၇ မိနစ်မှာတင် တိုက်စစ်မှူးအာနောက်တိုက ရှာကီရီရဲ့ ဖြတ်တင်ဘောကတဆင့် အနီးကပ် ပိတ်သွင်းယူလိုက်တာပါ။ အဲဒီနောက် ရှစ်မိနစ်အကြာမှာ နောက်ထပ်ဒုတိယဂိုးကို ရှာကီရဲ့ ကြိုးစားအားထုတ်မှုက တဆင့်ပဲ အာနောက်တိုဗစ်က သွင်းယူသွားခဲ့ပြန်တာပါ။

မန်စီးတီးရဲ့ ဒီနေ့ကစားပုံဟာ မကောင်းမွန်ခဲ့ခြင်းမရှိပဲ စတုတ်စီးတီးကပိုပြီး ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

Source : www.skysports.com

Photo : www.daillymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ